ငရုတ်ကောင်းမြို့၌ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနအား မီးဘေးလုံခြုံရေးစစ်ဆေး

ငရုတ်ကောင်း မတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင် တန်းစာမေးပွဲ အောင်မြင်စွာဖြေဆိုကျင်းပနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေး အတွက် ငရုတ်ကောင်း (အ.ထ.က) စာစစ်ဌာနတွင် ယမန်နေ့ နံနက် ၁၀ နာရီက မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးဝေယံဦး၊ ပမ္မဝတီရေတပ်စခန်း ဌာနချုပ်မှ ဗိုလ်မှူး ဉာဏ်ဝင်းထက်၊ မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသူရအောင်၊ မြို့လျှပ်စစ်ဌာနမှ တာဝန်ရှိသူများက မီးသတ်ဆေးဘူး၊ မီးသတ်ရေကန်နှင့် ဆက်စပ်ပစ္စည်းများ အသင့်ထားရှိမှုများနှင့် လျှပ်စစ်သွယ်တန်းထားရှိမှုများကို စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)