သတင်းများ

နတ်မောက်မြို့နယ်၌ ခရမ်းချဉ်များ လှိုင်လှိုင်ထွက်ရှိ         
Mar 08,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြိုမစျေးတွင် စားဖိုချောင်သုံးသီးနှံတစ်ခုဖြစ်သည့် ခရမ်းချဉ်သီးများ လှိုင်လှိုင်ထွက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ ခရမ်းချဉ်သီး အရောင်းအဝယ်ပြုလုပ်သူ  မမာနီထံက သိရသည်။
ကုန်းဘောင်ခေတ်တွင် ထင်ရှားသော စာပေပညာရှင် မင်းပူးဆရာတော် ဦးဩဘာသ
Mar 08,2023
မင်းပူးဆရာတော် ဦးဩဘာသသည် ကုန်းဘောင်ခေတ်တွင် နန်းတက်သော ဘိုးတော်ဘုရားလက်ထက်တွင် ဇာတ်တော်ကြီးများလာ စကားပြေများနှင့် ရတုအမျိုးမျိုးရေးသားရာတွင် ထင်ရှားလှသော စာပေပညာရှင် ဆရာတော်တစ်ပါးဖြစ်ခဲ့သည်။
မုဒုံမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို
Mar 08,2023
မုဒုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၁)မုဒုံစာစစ်ဌာနနှင့် အ.ထ.က(ကမာဝက်)စာစစ်ဌာန(၂)ခုဖြင့် ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိသည်။
ကျောက်တံခါးမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို
Mar 08,2023
ပညာရေးဝန်ကြီးဌာနမှ ကျင်းပသည့် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို  ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ အ-ထ-က(ကျောက်တံခါး)စာစစ်ဌာန၌ ယနေ့နံနက်ပိုင်းက အေးချမ်းစွာလာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် စည်ပင်သာယာရေးအဖွဲ့ပိုင် ပန်းသီတာစျေး ၂၀ % ရာခိုင်နှုန်း ပြီးစီး
Mar 08,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ရှိ ရွှေသူဌေးရပ်ကွက်တွင် မြို့နယ်စည်ပင်သာယာရေးဖွဲ့ပိုင် ပန်းသီတာစျေးအား ဆောက်လုပ်နေမှုအခြေအနေ ၂၀% ရာခိုင်နှုန်းပြီးစီးကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာ‌စောင်ပြသ
Mar 08,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပပြုလုပ်ခဲ့သည်။
မြစ်သားမြို့နယ်တွင် ငရုတ်အထွက်နှုန်းကောင်းမွန်ပြီး ငရုတ်စျေးနှုန်းမြင့်တက်
Mar 08,2023
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်  ငရုတ်စိုက်ပျိုးမှုများအောင်မြင်ဖြစ်ထွန်းပြီး ငရုတ်စျေးနှုန်းမှာ မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။
မောက်မယ်မြို့နယ်တွင် လေပြင်းဘေးဒဏ်ခံ မိုးလုံလေလုံတစ်ထပ်တိုက်နေအိမ် ထပ်မံဆောက်လုပ်ပေး
Mar 08,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လင်းခေးခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးနေဝင်းဦးဆောင်သော ကုန်းလမ်းရပ်ကွက် လူငယ်ပရဟိတ ပန်းရံ/လက်သမားအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများတို့ ပူးပေါင်း၍ လေပြင်းဘေး ကြိုတင်ကာကွယ်ရေး စီမံချက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ကုန်းလမ်းရပ်ကွက်ရှိ ဦးလုံးနွေ၏ နေအိမ်အား ယနေ့နံနက် ၉ နာရီမှစတင်ပြီး လေပြင်းဘေးဒဏ်ခံ မိုးလုံလေလုံတစ်ထပ် တိုက်နေအိမ် ထပ်မံဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။