သတင်းများ

ဗန်းမော်မြို့တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ရွေးချယ်
Mar 13,2023
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်တွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်  ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစ၍ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီရွေးချယ်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲခန့်က     ဗန်းမော်မြို့နယ်၊ တာမိုင်းလုံကျေးရွာဘုန်းကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေဘိုခရိုင်ရုံး (Community Centre) ခန်းမတွင် ​ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး (Talk Show) ဆောင်ရွက်
Mar 13,2023
စစ်ကိုင်းတိုင်း​ဒေသကြီး ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာ‌ပေး (Talk Show)ကို ယနေ့နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
ကျောင်းကုန်းမြို့၌ အင်္ဂလိပ်စာ(အခြေခံ) သင်တန်း ဖွင့်လှစ်သင်ကြားပေး
Mar 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အင်္ဂလိပ်စာ(အခြေခံ)သင်တန်းကို ယနေ့နံနက် ၉ နာရီ အချိန်က ဖွင့်လှစ်သင်ကြားခဲ့သည်။
ဗန်းမော်မြို့တွင် ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း  အစည်းအဝေးကျင်းပ
Mar 13,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၁၃ ရက် နံနက် ၁၀  နာရီခွဲခန့်က ကျင်းပခဲ့ကြောင်းသိရသည်။
မိုးညှင်းမြို့နယ် ဆယ်မိုင်ကျေးရွာ၌ အိမ်ခြေ (၄၅)အိမ်အား လေပြင်းဒဏ်ပိုမိုခံနိုင်ရည်ရှိသော အိုးအိမ်များ ဖြစ်စေရေး အားဖြည့်မွမ်းမံ ပြင်ဆင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်
Mar 13,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ဆယ်မိုင်ကျေးရွာတွင် လူနေအိမ်ခြေ (၄၅)အိမ်အား လေပြင်း ဒဏ်ပို မိုခံနိုင်ရည်ရှိသော အိုးအိမ်များ ဖြစ်စေရေး အားဖြည့်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများကို ယနေ့ နံနက် (၁၀)နာရီခွဲက မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့မှ သွားရောက်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့နယ်​ ဇင်း​ဘောင်ကျေးရွာတွင် ဆီထွက်သီးနှံ ဆောင်းနေကြာစံကွက်ရိတ်သိမ်းပွဲပြုလုပ်
Mar 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ဇင်းဘောင်ကျေးရွာ တောင်သူ ဦးမောင်မောင်သိန်း၏ ကွင်းအမှတ်(၄၀၇- A)၊ ဦးပိုင်အမှတ် (၁/၃၈)၊ ဧရိယာ(၁၀)ဧကရှိ စိုက်ခင်း၌ ဆီထွက်သီးနှံ ဆောင်းနေကြာ ရေဆင်းစပ် မျိုး(၁)မျိုးစေ့ထုတ် စိုက်ခင်းတွင် စံကွက်ရိတ်သိမ်းပွဲကို ယနေ့ နံနက် (၉)နာရီ အချိန်ကပြုလုပ်သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ရေရရှိရေးအတွက် ခေတ်မှီစက်ယန္တရားကြီးများဖြင့် မြေအောက်ရေ တူးဖော်နေမှုအား သွားရောက်ကြည့်ရှုအားပေး
Mar 13,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း စစ်တွေမြို့ပေါ်ရှိ ပြည်သူများ သုံးရေလုံလောက်စွာ ရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ရန် လမ်းညွှန်မှာကြားမှုအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စစ်တွေမြို့ရေရရှိရေးလုပ်ငန်းအဖွဲ့ဝင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) (ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးသက်နိုင်နှင့်အဖွဲ့မှ ခေတ်မှီစက်ယန္တရားကြီးများဖြင့် မြေအောက်ရေတူးဖော်နေမှုအား ယမန်နေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အအစိုးရအဖွဲ့ဝင်များနှင့်အတူ သွားရောက်ကြည့်ရှု အားပေးကြသည်။
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ် ဖြေဆို
Mar 13,2023
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။