ကျောက်ဆည် ဧပြီ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှု လျင်မြန်ဆန်ပြီး မြိုပြနှင့် ကျေးလက်ကွာဟမှုမရှိစေရေး ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရန် အတွက် သက်ဆိုင်ရာဦးစီးဌာနများမှ ဘဏ္ဍာနှစ်အလိုက် လမ်းတံတားများ ပြုပြင် ဆောင်လုပ်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်စေရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဖောင်ရွာ-တောင်နံသာ-ငှက္ကတောင်လမ်းမှ ပျက်စီးနေသည့် လမ်းပိုင်းအား ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လမ်းပြုပြင်ခြင်းများကို မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ (၃၉.၆၈)ကျပ်သန်းဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူပြီး အရည်အသွေးပြည့်မီစွာဖြင့် လမ်းအရှည် (၁၂၃၅)ပေ၊ လမ်အကျယ်(၁၈)ပေ၊ ထု(၉)လက်မ ပြန်လည်ခင်းပေးခဲ့ကြောင်းသိရှိရပြီး လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သဖြင့် ကုန်ပစ္စည်းများ သယ်ယူရာတွင် အချိန်တိုအတွင်းလွယ်ကူမြန်စွာ သယ်ယူနိုင်ပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)