သတင်းများ

ကန့်ဘလူမြို့၌ အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းနှင့် အခမဲ့ ကျန်းမာရေး စောင့်ရှောက်ခြင်းများ ဆောင်ရွက်ပေး   
Mar 31,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ရပ်ကွက်နေပြည်သူများအား အခြေခံ စားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်ဆောင်ရွက်မှုဖြင့် ယနေ့နံနက် ၇ နာရီက စည်ပင်သာယာခန်းမ၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Mar 31,2023
ချင်းပြည်နယ်၊ ဟားခါးမြို့၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက် အမှာစကားပြောကြားသည်။ ချင်းပြည်နယ်၊ ဟားခါးမြို့၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက် အမှာစကားပြောကြားသည်။
အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌အခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲနှင့် လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 30,2023
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန်ကြား ရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲနှင့်လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နေ့လယ် အချိန် ကလူထုအခြေပြုဗဟိုဌာန (Commu nity Centre) ခန်းမ၌ဆောင်ရွက်ခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်အတွင်း ရာသီအမီနွေသီးနှံစိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Mar 30,2023
ပုဗ္ဗသီရိမြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက တောင်သူများအား ရာသီအမီ နွေသီးနှံစိုက်ပျိုးနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း ဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားတက်ရောက်
Mar 30,2023
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်း ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ ဌေးအောင်နှင့် အဖွဲ့ဝင်များ၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘို ခရိုင်၊ မုံရွာခရိုင်၊ ခန္တီးခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
မိုးညှင်းမြို့နယ်အတွင်း လေဘေးနှင့် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်
Mar 30,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ယခုလအတွင်းဖြစ်ပွားခဲ့သည့် လေဘေးနှင့် မီးဘေးသင့်ပြည်သူများအတွက် ခရိုင်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မတ်လ (၂၈)ရက် နံနက်ပိုင်းမှ စတင်၍ ထောက်ပံ့ငွေများနှင့် ပစ္စည်းများ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
လပွတ္တာခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 30,2023
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်တွင် နွေရာသီကျောင်းပိတ်ရက်အတွင်း စာပေဖတ်ရှုသူများနှင့် စည်ကားနေ
Mar 30,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် နွေရာသီကျောင်းပိတ်ရက်အားအပ်ချိန်၌ ပြည်သူ့စာကြည့်တိုက်တွင် ကလေးသူငယ်များ စာအုပ်စာစောင်များငှားရမ်းဖတ်ရှုသည့်အပြင် ကလေးစာဖတ်ခန်း၌ ရုပ်ပြစာအုပ်များလာရောက်ဖတ်ရှုသောကလေးငယ်များနှင့် လာရောက်ဆော့ကစားသောကလေးသူငယ်များ တိုးပွားလျက်ရှိကြောင်း သိရသည်။