ရွှေသောင်ယံမြို့တွင်ကိုဗစ်-၁၉ထပ်ဆောင်းကာကွယ်ဆေးများဆက်လက်ထိုးနှံ

ရွှေသောင်ယံ ဧပြီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက် (၉) နာရီက ရွှေသောင်ယံမြို့အမှတ် (၁) (၂) (၃) ရပ်ကွက်များရှိပြည်သူများအားကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျှက်ရှိသည်။

ထိုသို့ကာကွယ်ဆေးများထိုးနှံရာတွင် ရွှေသောင်ယံမြို့အမှတ် (၂)ရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဌာနခွဲဆေးပေးခန်း၌ ကိုဗစ်(၁၉) ကာကွယ်ဆေးထိုးထားပြီး(၆)လ ကျော်လွန်ပြီးသူများအား ဆေးထိုးမှတ်တမ်းနှင့်တကွ သေသေချာချာစစ်ဆေးပြီး ကျန်းမာရေးဆရာမများမှထိုးနှံပေးလျက်ရှိသည်။

ထို့နည်းတူ ယမန်နေ့က သပေါ့ကန်ကျေးလက်ကျန်းမာရေးဌာနတွင် ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး First Booster (၃၂) ယောက်၊ Second Booster (၈၈) ယောက်တို့ကို ထိုးနှံပေးခဲ့ကြကြောင်းသိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)