သတင်းများ

ကယားပြည်နယ်အစိုးရအဖွဲ့မှ ယာယီခိုလှုံရာစခန်းများ၌နေထိုင်ကြသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အခြေခံစားသောက်ကုန်(၄)မျိုးကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ
Apr 03,2023
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ကယားပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့ပေးပို့လာသော စားသောက်ကုန်(၄)မျိုးကိုယာယီ နေရပ်စွန့်ခွာပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဂွမြို့နယ်တွင် (၂၅)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Apr 03,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ပါဠိပထမပြန်စာ​မေးပွဲ၌ အောင်မြင်​တော်မူခဲ့ကြသည် စာ​အောင်သံဃာ​တော်များအား ဆုချီးမြှင့်သည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယ​နေ့နံနက် ၇ နာရီအချိန်က သိမ်ကုန်းစေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမ္မာန်၌ ကျင်းပပြုလုပ်ခဲ့​ကြသည်။
ညောင်ဦးမြို့နယ် ငါ့သရောက်နယ်မြေ မီးသတ်စခန်းမှ သောက်သုံးရေလှူဒါန်း
Apr 03,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့ ငါ့သရောက်နယ်မြေ မီးသတ်စခန်းမှ သောက်သုံးရေလိုအပ်နေသော ဘုန်းတော်ကြီးကျောင်းများ၊ သင်္ကြန်ကာလ တရားစခန်းများ၊ ရိပ်သာများသို့ သောက်သုံးရေလှူဒါန်းလျက်ရှိရာ ဧပြီ ၃ ရက်၊ နံနက် ၁၀ နာရီအချိန်က ရွှေတောင်ကုန်းဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေသွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
မိုးညှင်းခရိုင်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း (၉)ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုနှစ်တွင် (၁၀)ကြိမ်ဖွင့်လှစ်သွားမည်
Apr 03,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း (၉)ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုနှစ်တွင် (၁၀)ကြိမ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဤဦးစီးဌာနရုံးမှ သိရသည်။
မချမ်းဘော့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Apr 03,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည် မြင့်မားလာစေရန်နှင့် နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၀နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမရှိ ကလေးစာဖတ်ခန်း၌ ကျင်းပခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၌ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Apr 03,2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ နှစ်စဉ်ကျင်းပပြုလုပ်သည့် အစိုးရပါဠိပထမပြန်စာမေးပွဲအား ၂၀၂၂ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ၌ မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းအသီးသီးမှ ကြွရောက်ဖြေဆိုတော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား စာအောင်ဆုချီးမြှင့်ပူဇော်ခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် မြို့လယ်သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်ကျင်းပသည်။
စုကလိမြို့တွင် ရာသီစာ ဒန့်သလွန်သီးများ အရောင်းအဝယ် စျေးကောင်းရရှိ
Apr 03,2023
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ရာသီပေါ်သီးနှံတစ်ခုဖြစ်သည့် ဒန့်သလွန်သီးများ ယခုနှစ်တွင်ပေါများစွာ ထွက်ရှိပြီး စျေးကောင်းရရှိလျက်ရှိသည်။ ဒန့်သလွန်သီးများသည် ယခင်နှစ်ထက် ပိုမိုအထွက်ကောင်းလာပြီး ရောင်းချရာတွင် ၅ ထောင့်ပါ တစ်စည်းလျှင် ထိုင်းဘတ်ငွေ ၅ ဘတ်ပေးရပြီး မြဝတီမြို့သို့ တင်ပို့ရောင်းချပေးလျက်ရှိသည်။
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ “လူငယ်ရေးရာ” အသိပညာပေး ဟောပြောပွဲပြုလုပ်
Apr 03,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အနာဂတ်မျိုးဆက်သစ်လူငယ် ကျောင်းသား/ကျောင်းသူများ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိလာစေရန်၊ ယဉ်ကျေးလိမ္မာသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။