မြစ်သား ဧပြီ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုကြမည့်ဆရာတော်သံဃာတော်များ၊ မြို့နယ်သံဃာ့နာယက သြဝါဒစရိယ ဆရာ တော်များ၊ မြို့နယ်သံ ဃာ့နာယကဥကဋ္ဌဆရာတော်နှင့် အဖွဲ့ဝင်များ၊ စာမေးပွဲကြီးကြပ်ရေးဆရာတော်များအား နေ့ဆွမ်းနှင့်အချိုပွဲများ ဆပ်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက် (၁၀) နာရီ အချိန်က မြစ်သားမြို့မင်းကုန်းကျောင်း ပရိယတ္တိစာသင်တိုက်၌ ကျင်းပကြောင်းသိရသည်။
အဆိုပါ ဆက်ကပ်လှူဒါန်းပွဲတွင် မြစ်သားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥကဋ္ဌဦးအေးခိုင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူ များက ကြွရောက်တော်မူလာကြသည့် ဆရာတော်သံဃာတော်များ၊ မြို့နယ်သံဃာ့နာယကသြဝါဒစရိယဆရာတော်များ မြို့နယ်သံဃာ့နာယကဥက္ကဌ ဆရာတော်နှင့်အဖွဲ့ဝင်များ၊ စာမေးပွဲကြီးကြပ်ရေးဆရာတော်များအား နေ့ဆွမ်းနှင့်အချိုပွဲများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)