ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၌ ဆန်စပါးဥပဒေ(မူကြမ်း)ရှင်းလင်းဆွေးနွေးပွဲကျင်းပ

နတ်တလင်း ဧပြီ ၃

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၌ ဆန်စပါးဥပဒေ(မူကြမ်း)ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ယနေ့နံနက် ၁ဝ နာရီက သာစည်ရပ်ကွက်၊ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ ရွှေလင်းဘိုးဘွားရိပ်သာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာနတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခင်မောင်ဦးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ကိုယ်စားလှယ် ဦးဇော်လွင်ဦးမှအဖွင့်အမှာစကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးဦးဇေယျာဆွေမှ ဆန်စပါးဥပဒေ(မူကြမ်း)အား ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသူများမှ ဆန်စပါးဥပဒေ(မူကြမ်း)နှင့်ပက်သက်ပြီး အကြံပြုဆွေးနွေးခဲ့ကာ ဆန်စပါးဥပဒေ(မူကြမ်း)အပေါ် ရှင်းလင်းဆွေးနွေးခြင်းမှ ဖော်ထုတ်ချက်များအား မှတ်တမ်းတင်ခဲ့ပြီးအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ဝေယံဖြိုး(ပြန်/ ဆက်)