ညောင်ဦးမြို့နယ် ငါ့သရောက်နယ်မြေ မီးသတ်စခန်းမှ သောက်သုံးရေလှူဒါန်း

ညောင်ဦး  ဧပြီ  ၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့ ငါ့သရောက်နယ်မြေ မီးသတ်စခန်းမှ သောက်သုံးရေလိုအပ်နေသော ဘုန်းတော်ကြီးကျောင်းများ၊ သင်္ကြန်ကာလ တရားစခန်းများ၊ ရိပ်သာများသို့ သောက်သုံးရေလှူဒါန်းလျက်ရှိရာ ဧပြီ ၃ ရက်၊ နံနက် ၁၀ နာရီအချိန်က ရွှေတောင်ကုန်းဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေသွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ အမှတ်(၃)ရပ်ရှိ ရွှေတောင်ကုန်းဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း တည်ထားလျက်ရှိသော စေတီတော်မြတ်ကြီး တည်ဆောက်နေစဉ် သုံးရေအဆင်ပြေနိုင်စေရေး ငါ့သရောက်နယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသန်းလှိုင် ဦးဆောင်ကာ မီးသတ်ဝန်ထမ်းများက ရေဂါလံ ၁၆၀၀ ဆံ့ မီးသတ်ရေသယ်ယာဉ် (၁)စီးဖြင့် စတုတ္ထအကြိမ်လှူဒါန်းခြင်းဖြစ်ကြောင်း ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူက ပြောကြားချက်အရ သိရသည်။

ဒီပါလင်း