သတင်းများ

ဂန့်ဂေါမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြော
Mar 31,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက်၊ သမိုင်းဝင်ရွှေပြည်ဆိပ်ဦးဘုရားအနီး သာသနာ့ဗိမာန်တော်ကြီး၌ ဆောင်ရွက်ခဲ့သည်။
နွားထိုးကြီးမြို့၌အစိုးရ ပါဠိပထမပြန် စာမေးပွဲကျင်းပ
Mar 31,2023
နွားထိုးကြီးမြို့၊အမှတ်( ၁)ရပ်ကွက်အတွင်းရှိ ထန်းငယ်တောကျောင်း စာသင်တိုက်၌ ယမန်နေ့မွန်းတည့်(၁၂) နာရီအချိန်က မြို့နယ်သံဃာနာယက ဆရာတော်ကြီးများကြီးကြပ်မှုဖြင့် ပါဠိ ပထမပြန်စာမေးပွဲကို  ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခြေခံပညာမူလတန်းအဆင့် (မြို့နယ်အဆင့်) ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲသို့ တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများနှင့်တွေ့ဆုံ
Mar 31,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် အခြေခံပညာဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  အခြေခံပညာမူလတန်းအဆင့် (မြို့နယ်အဆင့်) ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲအား ပျဉ်းမနားမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်လျက်ရှိရာ
ကော့သောင်းမြို့တွင် အခြေခံထိုင်းဘာသာစကားသင်တန်းဖွင့်လှစ်သင်ကြား
Mar 31,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် (Community  Centre) ခန်းမတွင် အခြေခံထိုင်းဘာသာ စကားသင်တန်းကို မတ်လ၂၄ရက်နေ့မှမတ်လ၂၈ရက်နေ့ထိအခမဲ့ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
မိုးမောက်မြို့နယ်၌ ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှု ကြီးကြပ်စစ်ဆေး
Mar 31,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့ ဒိန်ဂါယန်ကျေးရွာအုပ်စု လုံဂျာကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် မြို့နယ်တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၉နာရီမှ ညနေ၄ နာရီခန့်အထိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် နွေစပါး(၄၁၁)ဧက စိုက်ပျိုးပြီးဖြစ်
Mar 31,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ နွေသီးနှံမျိုးစုံ ပျိုးထောင်စိုက်ပျိုးနိုင်ရေး ဆည်ရေများပေးဝေလျက်ရှိကြောင်းသိရှိရပြီး နွေစပါးများ စတင်ပျိုးထောင်စိုက်ပျိုးလျက်ရှိရာ နွေးစပါး(၄၁၁)ဧက စိုက်ပျိုးပြီးဖြစ် ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ ရေးဦးစီးဌာနမှ  သိရသည်။
တနင်္သာရီမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့တွင်းလမ်းများတွင် လမ်းအမည်/လမ်းညွှန် အမှတ်အသားများစိုက်ထူဆောင်ရွက်
Mar 31,2023
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် လမ်းညွှန်များ၊ လမ်းအမည်နှင့်လမ်းအမှတ်အသား/အချက်ပြများအား တစ်ပြေးညီဖြစ်စေရေးအတွက် တနင်္သာရီမြို့ပေါ် ရပ်ကွက်များအတွင်း လမ်းများတွင် ယာဉ်အန္တရာယ်ကင်းရှင်း၍ ခရီးသွားပြည်သူများ သွားရောက်လိုသည့်နေရာသို့ အဆင်ပြေပြေလွယ်ကူစွာ သွားလာနိုင်စေရန်ရဉ်ရွယ်လျက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လမ်းအမည်/လမ်းညွှန် အမှတ် အသားများ/အချက်ပြများကို အသစ်စိုက်ထူ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ဖား​ဆောင်းမြို့တွင် မဟာသင်္ကြန်ပွဲ​တော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်​ရေး​ ညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 31,2023
၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်​ကျေးမှု မဟာသင်္ကြန်ပွဲ​တော်ကို ဖား​ဆောင်းမြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပ​ရေးလုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယ​​နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမတွင် ပြုလုပ်သည်။