သတင်းများ

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေချေးငွေစိစစ်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့များနှင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ချေးငွေကြီးကြပ်ရေး ကော်မတီဝင်များ တွေ့ဆုံပွဲ အခမ်းအနားကျင်းပ
Mar 30,2023
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေချေးငွေစိစစ်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့များနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ချေးငွေကြီးကြပ်ရေး ကော်မတီဝင်များ တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဧည့်ရိပ်သာ၌ ကျင်းပခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်  တိုင်းဒေသကြီး အခြေခံပညာကျောင်းများ အခြေပြုကင်းထောက်ဖွဲ့စည်းရေးနှင့် ဆရာဖြစ်သင်တန်း(၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားတက်ရောက်
Mar 30,2023
မကွေးတိုင်းဒေသကြီး အခြေခံပညာကျောင်းများအခြေပြုကင်းထောက်ဖွဲ့စည်းရေးနှင့် ဆရာဖြစ် သင်တန်း(၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကို မတ်လ ၂၈ ရက် ယနေ့နံနက် ၉ နာရီက မကွေး ပညာရေး ဒီဂရီကောလိပ် ပညာ့ဗိမာန်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတက္ကသိုလ်ပါမောက္ခချုပ်၊ မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး အစိုးရ ပါဠိပထမပြန်စာမေးပွဲ (ကြီး၊ လတ်၊ ငယ်၊ မူ)တန်းများ ဖြေဆိုနေမှုအား ကြည်ညိုဖူးမြော်
Mar 30,2023
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ်၊ အစိုးရ ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဟိုပုံးမြို့ သီရိမင်္ဂလာ သာသနာ့ဗိမာန်တွင် ဆက်လက် ဖြေဆိုလျက်ရှိသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် Introduction to Database System သင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲသို့ တက်ရောက်၊ နှစ်ဖက်ချောစက္ကူထုတ်စက် တပ်ဆင်ထားရှိမှုကို ကွင်းဆင်း စစ်ဆေး
Mar 30,2023
ကချင်ပြည်နယ်အတွင်းရှိ ရုံးဌာနများတွင် စာရင်းဇယားများ သိမ်းဆည်း၍ ရှာဖွေထုတ်ကြည့်ရာတွင် ပိုမိုရိုးရှင်းလွယ်ကူစွာ အသုံးပြုနိုင်ရေးနှင့် နိုင်ငံတော်၏ E-Government စနစ်ကို အထောက်အကူပြုနိုင်ပြီး လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဖွင့်လှစ်သည့် Introduction to Database System သင်တန်း အမှတ်စဉ် (၁)ဆင်းပွဲ အခမ်းအနားကို  ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါရုံးရှိ မဂျွယ်ဂင်တောင် ခန်းမ၌ ကျင်းပပြုလုပ်သည်။
၂၀၂၃ ခုနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၇)ခရိုင် ကာယဗလမောင်နှင့် ကာယကြံ့ခိုင်မှုမယ်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ
Mar 30,2023
၂၀၂၃ ခုနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၇)ခရိုင် ကာယဗလမောင်နှင့် ကာယကြံ့ခိုင်မှုမယ်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ကာယဗလမောင်နှင့်ကာယမယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်များနှင့် ပြိုင်ပွဲကို စိတ်ဝင်စားသည့် ပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်
Mar 30,2023
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပိုးသတ်ဆေးဖျန်းခြင်းကို ယမန်နေ့ နံ နက်ပိုင်းက နွားထိုးကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့  သွားရောက်၍ ပိုးသတ်ဆေး ဖျန်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်တွေခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ နွေရာသီကဗျာရေးစပ်နည်း သင်တန်း ဖွင့်လှစ်
Mar 30,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီ အခြေခံကဗျာရေးစပ်နည်းသင်တန်းကို ယမန်နေ့မွန်း လွဲ (၂) နာရီချိန်က ဖွင့်လှစ်ပြသသည်။
နမ့်ခမ်းမြို့၌ အခြေခံပညာကျောင်းများမှ မူလတန်းပြ ဆရာ/ဆရာမများအား စွမ်းရည်မြှင့်အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Mar 30,2023
ကျောင်းနေစကလေးငယ်များအား ကျောင်းနေပျော်ပြီး စာပေအရာတွင် ထက်မြက်သော ကလေးသူငယ်များဖြစ်လာစေရန်နှင့် ကျောင်းနေစအရွယ်၌ မူလတန်းပညာရပ်များကို ပိုမိုထိရောက်စွာ သင်ကြားပြသပေးနိုင်ရန် ရည်ရွယ်၍ မူလတန်းဘာသာရပ်အလုပ်ရုံဆွေးနွေးပွဲကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။