သန်လျင်ခရိုင် စွမ်းရည်မြှင့်ဘာသာရပ်မွန်းမံသင်တန်းဖွင့်လှစ်

သန်လျင် မတ် ၂၂    

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ သန်လျင်ခရိုင်ပညာရေးမှူးရုံးက ကြီးမှူးဖွင့်လှစ်သော အခြေခံပညာအထက်တန်းနှင့် အလယ်တန်းဆင့် စွမ်းရည်မြှင့်ဘာသာရပ် မွန်းမံသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် သန်လျင်မြို့အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမ၌ ကျင်းပသည်။

ဦးစွာ သန်လျင်ခရိုင်ပညာရေးမှူး  ဦးဘသန်းက ကျောင်းသား ကျောင်းသူများ၏ စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ အသိပညာများ ပိုမိုတိုးတက်စေရေး၊ သင်ကြားသင်ယူမှုအရည်အချင်းများ တိုးတက်စေရန်၊ အရည်အသွေးရှိသည့် အနာဂတ်ပညာရေးတစ်ရပ်ဖြစ်ထွန်းစေရေးအတွက် ဘာသာရပ်ဆိုင်ရာများတွင် ကျောင်းသား ကျောင်းသူများ၏ စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်များ ပိုမိုတိုးတက်စေရေးသင်ယူမှု အရည်အချင်းများ တိုးတက်မြင့်မားပြီး အရည်အသွေးရှိသည့် ကျောင်းသား ကျောင်းသူများ ပေါ်ထွန်းလာစေရန် ယခုဆွေးနွေးပွဲသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားသည်။

အဆိုပါသင်တန်းသို့ သန်လျင်ခရိုင်အတွင်းရှိ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်းမြို့နယ်များမှ အလယ်တန်းပြ ဆရာ/ ဆရာမ (၃၅၀)ဦးတို့သည် သန်လျင်အထက(၂)၌လည်းကောင်း၊ အထက်တန်းပြဆရာ၊ ဆရာမ(၁၇၄)ဦးတို့သည် အ.ထ.က(၄)သန်လျင်၌ တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ မတ် ၂၁ ရက်မှ ၂၄ ရက်နေ့ထိဖြစ်ကြောင်း သိရသည်။

    ခရိုင်(ပြန်/ ဆက်)