မိုင်းငေါ့မြို့၌ နွေရာသီကျောင်းပိတ်ရက် ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေး ဂိမ်းပြိုင်ပွဲကျင်းပ

မိုင်းငေါ့ မတ် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင်  နွေရာသီကျောင်းပိတ်ရက် ကလေးများ၏ ဉာဏ်ရည် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဂိမ်းပြိုင်ပွဲများကျင်းပခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းသား/သူများ နွေရာသီအားလပ်ရက်တွင်  အသိပညာ၊ အတတ်ပညာများနှင့် စာအုပ်/ စာစောင်များမှ ပေးသည့် ဗဟုသုတများတိုးပွားရရှိရေး ၊ကလေးများကြိုက်နှစ်သက်ရာ အစီအစဉ် များနှင့် ၎င်းတို့ဝါသနာထုံရာ ဂိမ်းပြိုင်ပွဲများကို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါပြိုင်ပွဲ၌ စစ်တုရင်၊ မိုနိုပိုလီဂိမ်း၊ ဒိုးဇာက်ကစားခြင်းကို ယှဉ်ပြိုင်ကစားကြခြင်း၊ စာပေချစ်မြတ်နိုးသူများက စာအုပ်/စာစောင်များဖတ်ရှုခြင်းနှင့် မိမိစိတ်ဝင်စားသည့် အစီအစဉ်များကို ပူးပေါင်းလုပ်ဆောင်လျက်ရှိပြီး နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များ၌ ကလေးများ၏ ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်

မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)