သတင်းများ

တံတားဦးမြို့နယ်တွင် မြို့နယ်ပြည်သူ့စာကြည့်တိုက် ( Community Centre )ခန်းမ၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ
Mar 23,2023
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာတို့ ပူးပေါင်းပြီး ယမန်နေ့ ညနေ(၃)နာရီက တံတားဦး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပကြောင်း သိရသည် ။
နတ်မောက်မြို့နယ် ဝက်ချုပ်​ကျေးရွာ၌ မြစိမ်း​​ရောင်​ကျေးရွာစီမံကိန်း ​ကော်မတီပြန်လည်ဖွဲ့စည်းခြင်းဆောင်ရွက်
Mar 23,2023
မ​ကွေးတိုင်း​ဒေသကြီး၊ နတ်​မောက်မြို့နယ် ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနက  မြစိမ်းရောင်စီမံကိန်းဖြင့် အကောင်အထည်​ဖော်​ဆောင်ရွက်သည့် ​ဝက်ချုပ်ကျေးရွာတွင် စီမံကိန်း​ကော်မတီဝင် ပြန်လည်ဖွဲ့စည်းခြင်းကို ယမန်နေ့က  ဘုန်း​တော်ကြီး​ကျောင်း၌  ပြုလုပ်ခဲ့သည်။
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်ရေးရာ အသိပညာပေး ဟော‌ပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Mar 23,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်‌စေရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့  နံနက်(၁ဝ)နာရီအချိန်က ကျင်းပ‌ပြုလုပ်ခဲ့သည်။
ကျောက်တန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမွေးမြူရေးနည်းပညာပေး သင်တန်းဖွင့်လှစ်
Mar 23,2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမွေးမြူရေးနည်းပညာသင်တန်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်တွင် ကျောက်တန်းမြို့နယ် ရှမ်းချောင်းကျေးရွာ၌ ဖွင့်လှစ်သင်ကြား ပို့ချခဲ့သည်။
မိုင်းဖြတ်မြို့နယ်၌ (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 23,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် (၇၈) နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက  မိဘပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့တွင် ရေချွေတာစိုက်နည်းစနစ်များ သရုပ်ပြပွဲနှင့် အသိပညာပေးဆွေးနွေး
Mar 23,2023
စစ်ကိုင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ သီးနှံများအထွက်တိုးစေရန် ရေနည်းကာလ ရေသိုလှောင် စုဆောင်ခြင်းနှင့် ရေချွေတာစိုက်နည်းစနစ်များ သရုပ်ပြပွဲ နှင့် တောင်သူပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါရုံးရှိ မြတ်ဇေယျာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကလေးအလုပ်သမားများ၏ အခွင့်အရေးများအကြောင်း အသိပညာပေး Talk Show ပြုလုပ်
Mar 23,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကလေးအလုပ်သမားများ၏ အခွင့်အရေးများအကြောင်း သိကောင်းစရာများ အသိပညာပေး Talk Show အား ယမန်နေ့ ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကံမမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညောင်တန်းကျေးရွာမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Mar 23,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ  ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့  နေ့လယ် (၂)နာရီက အင်းဘဲကျေးရွာအုပ်စု ညောင်တန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊    ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။