သတင်းများ

မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ရုံးခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Mar 23,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ရုံးခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ပင်လောင်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားပြုလုပ်
Mar 23,2023
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)တို့မှ ပူးပေါင်း၍ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ အစိုးရဓမ္မစရိယစာမေးပွဲ စတင်ဖြေဆို
Mar 23,2023
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် အစိုးရဓမ္မာစရိယစာမေးပွဲကို  ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က မိုးကုတ်မြို့ ရှောလီဝိုင်းရပ်ကွက်၊ အောင်ချမ်းသာရပ်ရှိ မဟာမုနိဘုရားဝန်းအတွင်း၌ စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
တံတားမြို့ လူထုအခြေပြုဗဟိုဌာန၌ စာအုပ်ပြပွဲခင်းကျင်းပြသ
Mar 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြည်သူများအသိပညာဗဟုသုတတိုးပွားလာစေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှုလာစေရန်၊ စာကြည့်တိုက်အားအသုံးပြုတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက် (၈) နာရီအချိန်က စာအုပ်ပြပွဲကို ခင်းကျင်းပြသဆောင်ရွက်ခဲ့သည်။
စဉ့်ကူးမြို့တွင် အခြေခံပညာ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချ
Mar 23,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားပေးလျက်ရှိသော ဆရာ/ဆရာမများအား သင်ကြားမှုစွမ်းရည် ပိုမိုမြင့်တက်လာစေရန် ရည်ရွယ်၍ အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအဆင့် ဆရာ/ဆရာမများအား ဘာသာရပ် စွမ်းရည်မြှင့် မွမ်းမံသင်တန်းကို ယမန်နေ့နံနက် ၉ နာရီမှစ၍ အ.ထ.က (စဉ့်ကူး)ကျောင်းတွင် ဖွင့်လှစ်ပို့ချလျက်ရှိသည်။
မောက်မယ်မြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း စာအုပ်များဖတ်ရှုခြင်းနှင့် လာရောက်ဆော့ကစားခြင်းများ ဆောင်ရွက်
Mar 23,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်သို့ ကျောင်းသား ကျောင်းသူလူငယ်လူရွယ်များက ဗဟုသုတများတိုးပွားစေရန် စာအုပ်များဖတ်ရှုခြင်းနှင့် လာရောက်ဆော့ကစားခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တွံတေး၌ အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆို
Mar 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံ​တေးမြို့နယ်၊ အုန်းပင်စုရပ်ကွက်ရှိ ​ရွှေလက်ခုပ်ဘုန်းတော်ကြီး​ကျောင်းနှင့် သာသနာ့ဗိမာန်၊ ​ရွှေဆံ​တော်ရပ်ကွက်၊ ဓမ္မာအလင်္ကာရဘုန်း​တော်ကြီး​ကျောင်းနှင့် ပဏ္ဍိတရာမဘုန်း​တော်ကြီး​ကျောင်းတို့တွင် အစိုးရဓမ္မာစရိယစာ​မေးပွဲ(ပါရာဇိကကဏ္ဍ၊ ပါဠိအဠကထာ ၂ (ဒုတိယနေ့)၌ ရဟန်း၊ သာမ​ဏေ၊ သီလရှင်များမှ ​  ယမန်နေ့မွန်းတည် ၁၂ နာရီမှ ည​နေ ၄ နာရီထိ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဒလမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပသည်။