သတင်းများ

တာချီလိတ်မြို့၌ မုန့်လုပ်ငန်းများ စားသောက်ကုန်လုံခြုံစိတ်ချရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ထုတ်လုပ်ရေးကွင်းဆင်းအသိပညာပေး
Mar 23,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း ထုတ်လုပ်ဖြန်ဖြူးနေသော မုန့်လုပ်ငန်းများအား စားသောက်ကုန်လုံခြုံစိတ်ချရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူး ရေးနှင့်အသေးစားစက်မှုလုပ်ငန်း မှတ်ပုံတင်နိုင်ရေးတို့အတွက် ယနေ့နံနက်ပိုင်းက တာဝန်ရှိ သူတို့ ကွင်းဆင်းစစ်ဆေးအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် ဒေသအခေါ် တညင်ပင်မှ တညင်ပန်းများ ဈေးကောင်းရရှိ
Mar 23,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့အတွင်း ဒေသထွက် တညင်ပန်းများပေါ များစွာထွက်ရှိသဖြင့် မြို့နေပြည်သူများ ပုံမှန်ဝင်ငွေရရှိလျက်ရှိသည်။
စလင်းမြို့ စည်ပင်သာယာမြို့မစျေးအတွင်းအပြင် စားသုံးရန်မသင့်သော အစားအသောက်ကုန်ပစ္စည်း (၄)မျိုးအား စျေးကွက်အတွင်း ရောင်းချခြင်း ရှိ/ မရှိ စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး
Mar 23,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ စည်ပင်သာယာစျေးကြီးအတွင်းအပြင်ရှိ ကုန်စုံဆိုင်နှင့် မုန့်ဆိုင်များတွင် ရောင်းချလျက်ရှိသော အစားအသောက်နှင့် ကုန်ပစ္စည်း (၄)မျိုးတို့အား စားသုံးရန် သင့်/မသင့် အစား​အသောက်အမှတ်တံဆိပ်ပါ ရွှေဇော်ဂျီ (မရမ်းကင်)၊ နွေဥယျာဥ် (ရှောက်သီးယို)၊ သံပုရာပေါင်း၊ ရွှေ (ရှောက်သီးဆေးပြား)၊ ဘုရင်မ (ရှောက်သီးပေါင်း)တို့အား ယနေ့နံနက် ၁၀ နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌  ပန်းချီစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Mar 23,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ပန်းချီစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် မောင်တောခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမ၌  "အလုပ်ဆိုတာအင်အားပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်
Mar 23,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community  Centre)  ခန်းမတွင် (Book Club) အဖွဲ့ဝင်များက
ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ဆရာ/မများ ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ပို့ချ
Mar 23,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ဆရာ/ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (၁) ၊ အ.ထ.က.(၂) နှင့် အ.ထ.က(ခွဲ) လ(၁)  ကျောင်းတို့၌ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Mar 23,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့နံနက် ၁၁ နာရီအချိန်က ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။
အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာလ၌ စိုက်ပျိုးစရိတ် ချေးငွေပေးဆပ်ရန် ကျန်ရှိသူများနှင့်​ ကွင်းဆင်းတွေ့ဆုံ
Mar 23,2023
ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာလ၌ စိုက်ပျိုးစရိတ်ချေး ငွေများပေးဆပ်နိုင်ရန် ကျန်ရှိသော တိုက်မော်ကျေးရွာအုပ်စုမှ တောင်သူများနှင့် တွေ့ဆုံ​ခြင်းကို ယနေ့ နေ့လည်က တိုက်မော်ကျေးအုပ်စုရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။