ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်ရေးရာ အသိပညာပေး ဟော‌ပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကလိန်အောင် မတ်လ  ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်‌စေရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့  နံနက်(၁ဝ)နာရီအချိန်က ကျင်းပ‌ပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး (တာဝန်ပေး)ဒေါ်ခင်ခင်လဲ့က မျိုးဆက်သစ်လူငယ်များအ‌နေဖြင့် အသိပညာ ဗဟုသုတ တိုးပွား၍ ဗလငါးတန်းနှင့် ပြည့်စုံစေရန်၊  ဘက်စုံချွန်သည့် လူငယ်များ ဖြစ်လာစေရန် လူငယ်များအတွက် လေ့လာသင်ယူရမည့် အခွင့်အလမ်းကောင်းများစွာရှိကြောင်းနှင့် နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ရမည့် လူတော်လူကောင်းများဖြစ်လာစေရန် အကျင့်စာရိတ္တကောင်းမွန်ပြီး ကျန်းမာရေးကောင်းမွန်စေရန် အားကစားများ၊ စာပေဗဟုသုတများ တိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး လူငယ်များအ‌နေဖြင့် လူကုန်ကူးမှုမဖြစ်ပေါ်စေရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ပြီး လူငယ်လူရွယ်များက စိတ်ပါးဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)