စလင်းမြို့ စည်ပင်သာယာမြို့မစျေးအတွင်းအပြင် စားသုံးရန်မသင့်သော အစားအသောက်ကုန်ပစ္စည်း (၄)မျိုးအား စျေးကွက်အတွင်း ရောင်းချခြင်း ရှိ/ မရှိ စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး

စလင်း မတ် ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ စည်ပင်သာယာစျေးကြီးအတွင်းအပြင်ရှိ ကုန်စုံဆိုင်နှင့် မုန့်ဆိုင်များတွင် ရောင်းချလျက်ရှိသော အစားအသောက်နှင့် ကုန်ပစ္စည်း (၄)မျိုးတို့အား စားသုံးရန် သင့်/မသင့် အစား​အသောက်အမှတ်တံဆိပ်ပါ ရွှေဇော်ဂျီ (မရမ်းကင်)၊ နွေဥယျာဥ် (ရှောက်သီးယို)၊ သံပုရာပေါင်း၊ ရွှေ (ရှောက်သီးဆေးပြား)၊ ဘုရင်မ (ရှောက်သီးပေါင်း)တို့အား ယနေ့နံနက် ၁၀ နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

စလင်းမြို့မစျေးကြီးအတွင်းအပြင် ရောင်းချလျက်ရှိသော မုန့်ဆိုင်များနှင့် ကုန်စုံဆိုင်များအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ စျေးကွက်အတွင်း ရောင်းချလျက်ရှိသော ကုန်ုစုံဆိုင်မုန်ဆိုင်များ၌ စားသုံးရန်မသင့်ဟု သတ်မှတ်ထားသော အစားအသောက်ကုန်ပစ္စည်းများ ကွင်းဆင်းစစ်ဆေးခြင်းများကို စားသုံး သူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးဆန်းလင်းမောင်၊ ဦးသီဟဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ စျေးတာဝန်ခံ ဦးညီညီစန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများ လိုက်ပါ၍ စစ်ဆေးခဲ့ကြသည်။ ထိုသို့စစ်ဆေးရာတွင် သတ်မှတ်ပမာဏထက် ကျော်လွန်ပြီး ဓာတုဆိုးဆေးများပါဝင်၍ ရောင်းချလျက်ရှိကြောင်း သိရှိရ၍ မကွေးမြို့ပေါ်ရှိ ရပ်ကွက်များနှင့် မြို့မစျေးရှိ ကုန်စုံဆိုင်များမှ အစားအသောက်နမူနာ (၂၈)မျိုးအား ဓာတ်ခွဲစစ်ဆေးချက်များမှ အစားအသောက်ကုန်ပစ္စည်းများကို နေပြည်တော်ဓာတ်ခွဲ ခန်းသို့ စားသုံးရန်သင့်၊ မသင့် ဓာတ်ခွဲနမူနာ စမ်းသပ်စစ်ဆေးခဲ့ရာ ကုန်ပစ္စည်း (၄)မျိုးမှာ သတ်မှတ်မမာဏထက်ကျော်လွန်၍ ဓာတုဆေးများပါဝင်နေကြောင်း တွေ့ရှိရ၍ ကွင်းဆင်းစစ်ဆေးရခြင်းဖြစ်သည်။ စလင်းမြို့မစျေးကြီးအတွင်းအပြင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ ရောင်းချခြင်းမရှိကြောင်းနှင့် စျေးကွက်အတွင်း ရောင်းချခြင်းများတွေ့ရှိပါက ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးဆန်းလင်းမောင်မှ စျေးရောင်းချသည့် စျေးဆိုင်ပိုင်ရှင်များနှင့် စျေးရောင်းချသူများအား အသိပညာပေးပြောကြားခဲ့ကာ စျေးကွက်အတွင်းရောင်းချခြင်းမရှိကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)