သတင်းများ

မောက်မယ်မြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း စာအုပ်များဖတ်ရှုခြင်းနှင့် လာရောက်ဆော့ကစားခြင်းများ ဆောင်ရွက်
Mar 23,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်သို့ ကျောင်းသား ကျောင်းသူလူငယ်လူရွယ်များက ဗဟုသုတများတိုးပွားစေရန် စာအုပ်များဖတ်ရှုခြင်းနှင့် လာရောက်ဆော့ကစားခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တွံတေး၌ အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆို
Mar 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံ​တေးမြို့နယ်၊ အုန်းပင်စုရပ်ကွက်ရှိ ​ရွှေလက်ခုပ်ဘုန်းတော်ကြီး​ကျောင်းနှင့် သာသနာ့ဗိမာန်၊ ​ရွှေဆံ​တော်ရပ်ကွက်၊ ဓမ္မာအလင်္ကာရဘုန်း​တော်ကြီး​ကျောင်းနှင့် ပဏ္ဍိတရာမဘုန်း​တော်ကြီး​ကျောင်းတို့တွင် အစိုးရဓမ္မာစရိယစာ​မေးပွဲ(ပါရာဇိကကဏ္ဍ၊ ပါဠိအဠကထာ ၂ (ဒုတိယနေ့)၌ ရဟန်း၊ သာမ​ဏေ၊ သီလရှင်များမှ ​  ယမန်နေ့မွန်းတည် ၁၂ နာရီမှ ည​နေ ၄ နာရီထိ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဒလမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပသည်။
တာချီလိတ်မြို့၌ မုန့်လုပ်ငန်းများ စားသောက်ကုန်လုံခြုံစိတ်ချရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ထုတ်လုပ်ရေးကွင်းဆင်းအသိပညာပေး
Mar 23,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း ထုတ်လုပ်ဖြန်ဖြူးနေသော မုန့်လုပ်ငန်းများအား စားသောက်ကုန်လုံခြုံစိတ်ချရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူး ရေးနှင့်အသေးစားစက်မှုလုပ်ငန်း မှတ်ပုံတင်နိုင်ရေးတို့အတွက် ယနေ့နံနက်ပိုင်းက တာဝန်ရှိ သူတို့ ကွင်းဆင်းစစ်ဆေးအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် ဒေသအခေါ် တညင်ပင်မှ တညင်ပန်းများ ဈေးကောင်းရရှိ
Mar 23,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့အတွင်း ဒေသထွက် တညင်ပန်းများပေါ များစွာထွက်ရှိသဖြင့် မြို့နေပြည်သူများ ပုံမှန်ဝင်ငွေရရှိလျက်ရှိသည်။
စလင်းမြို့ စည်ပင်သာယာမြို့မစျေးအတွင်းအပြင် စားသုံးရန်မသင့်သော အစားအသောက်ကုန်ပစ္စည်း (၄)မျိုးအား စျေးကွက်အတွင်း ရောင်းချခြင်း ရှိ/ မရှိ စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး
Mar 23,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ စည်ပင်သာယာစျေးကြီးအတွင်းအပြင်ရှိ ကုန်စုံဆိုင်နှင့် မုန့်ဆိုင်များတွင် ရောင်းချလျက်ရှိသော အစားအသောက်နှင့် ကုန်ပစ္စည်း (၄)မျိုးတို့အား စားသုံးရန် သင့်/မသင့် အစား​အသောက်အမှတ်တံဆိပ်ပါ ရွှေဇော်ဂျီ (မရမ်းကင်)၊ နွေဥယျာဥ် (ရှောက်သီးယို)၊ သံပုရာပေါင်း၊ ရွှေ (ရှောက်သီးဆေးပြား)၊ ဘုရင်မ (ရှောက်သီးပေါင်း)တို့အား ယနေ့နံနက် ၁၀ နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌  ပန်းချီစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Mar 23,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ပန်းချီစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် မောင်တောခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမ၌  "အလုပ်ဆိုတာအင်အားပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်
Mar 23,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community  Centre)  ခန်းမတွင် (Book Club) အဖွဲ့ဝင်များက