မြို့နယ်အဆင့် မူလတန်းဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကျင်းပ

ကြို့ပင်ကောက် မတ် ၂၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ အ.ထ.က(ကြို့ပင်ကောက်) ကျောင်းတွင် မြို့နယ်အဆင့် မူလတန်းဘာသာရပ်စွမ်းရည်မြှင့်ဆွေး‌နွးပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲအခမ်းအနားဖွင့်ပွဲ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေးက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်၏ပြောင်းလဲလာသောပညာရေး စနစ်သစ်တွင် မူလတန်းအဆင့် နိုင်ငံ့သားကောင်းရတနာလေးများအား စိတ်ဓါတ်ကောင်းမွန်သော စည်းကမ်းကောင်းမွန်သာ ပညာတော်သော နိုင်ငံတော်အတွက် အားထားရသာ သားကောင်းရတနာလေးများ ဖြစ်ပေါ်လာစေရေးအတွက် အဓိကပံ့ပိုး သင်ကြားပေးသာ ဆရာဆရာများသည် လွန်စွာအရေးကြီးကြာင်း အနာဂတ်ရဲ့သားငယ်သမီးငယ်လေးများအ တွေးအခေါ်အယူအဆမှန်သော လမ်းကြောင်းမှန်ပေါ်ရောက်အောင် သွန်သင်ပေးသော ဆရာ ဆရာမများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတွက်မြို့နယ် အတွင်းရှိအခြေခံပညာကျောင်းပေါင်း ၂၇၁ ကျောင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁ ကျောင်းနှင့် ကိုယ်ပိုင်ကျာင်း ၂ ကျောင်းတို့မှ မူလတန်အဆင့် သင်ကြားနေရသော ဆရာဆရာမများနှင့် အခြားမြို့များမှ နီးစပ်သောဆရာဆရာမများအပါ ဆရာဆရာမ ၉၀၀ ကျော်ပူးပေါင်း၍ မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဘာသာရပ်အားလုံး သင်ကြားရေးအတွက် ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြာင်း မြို့နယ်ပညာရေးမှူးဦးကျော်နိုင်က ပြောသည်။

ဇေယျာထွန်း (ပြန်/ ဆက်)