သုံးခွမြို့နယ် မိုးကုတ်ဝိပဿနာ အဖွဲ့ခွဲ အမှတ်၈၄ ဓမ္မရိပ်သာတွင် သင်္ကြန်ကာလ(၂၂၁) ကြိမ်မြောက် (၁၀)ရက် အထူးတရား  စခန်းဖွင့်လှစ်

သုံးခွ ဧပြီ ၉

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် အမှတ်(၂)ရပ်ကွက် မင်းရဲကျော်စွာလမ်းရှိ မိုးကုတ်ဝိပဿနာ အဖွဲ့ခွဲ အမှတ်(၈၄)ဓမ္မရိပ်သာတွင် သင်္ကြန်ကာလ(၂၂၁)ကြိမ် မြောက် (၁၀)ရက်အထူးတရားစခန်းဖွင့်ပွဲကို ယမန်နေ့ညနေ ၆နာရီ ခွဲကကျင်းပခဲ့ကြောင်းသိရသည်။

ပထမဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ် ပြီးနောက် အဖွဲ့ခွဲအမှတ် ၈၄ ဒုဥက္ကဋ္ဌ-၂ ဦးဝင်းရွှေက အဖွင့်အမှာစကား ပြောကြားပြီး ယောဂီများတစ် နေ့တာ ဆောင်ရွက်ရမည့်တရား အလုပ်ချိန်များနှင့် ယောဂီများလိုက်နာရမည့် စည်းကမ်းချက် များကိုအတွင်းရေးမှူး ဦးဌေးဝင်းက ဖတ်ကြားရှင်းလင်းခဲ့‌ကြောင်းသိရသည်။

ဆက်လက်၍ ရွှေပြည်သာမြို့နယ်၊ သီရိရတနာ‌ ကျောင်းတိုက်မှ ကမ္မဋ္ဌာနာစရိယ၊ ဓမ္မကထိက ဘဒ္ဒန္တစန္ဒာသိရီ၊ (ဓမ္မာစရိယဓမ္မကထိ ကဘဒ္ဒန္တအရှင်သူမြတ်) ထံမှရှစ်ပါး သီလခံယူပြီး နောက်ဆရာတော်ကသြဝါဒစကား မြွက်ကြားကြောင်းသိရသည်။

အဆိုပါတရား စခန်းပွဲ တွင်ဓမ္မကထိကဘဒ္ဒန္တစန္ဒာသိရီ၊(ဓမ္မာစရိယ)က  နံနက်၇နာရီ ပဋိစ္စသမုပ္ပာဒ်သင်တန်းတရား‌ တော်များနှင့် ည‌နေ၅နာရီတွင် ခန္ဓာဉာဏ်ရောက် သစ္စာလေးပါး တရားတော်များကို (ဧပြီလ ၈ရက်မှ၁၇ရက်) ထိဟောကြား တော်မူမည်ဖြစ်ပြီး သံဃာတော်(၇) ပါး၊ အမျိုးသားယောဂီ ( ၂၁)ဦး၊ အမျိုးသမီးယောဂီ ( ၉၇ ) ဦးစုစုပေါင်း (၁၂၅ )ဦး တရားဝင်ရောက်အား ထုတ်လျက်ရှိကြာင်းသိရသည်။

စည်သူလင်း ပြန်/ဆက်