သတင်းများ

ကျိုင်းလပ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်း ဆောင်ရွက်ပေး
Apr 24,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်း ၁၁ နာရီက လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာနရုံးတွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန်မှုဖြစ်ပွား
Apr 24,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ယမန်နေ့ည ၆ နာရီ ၃၀ မိနစ် အချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန်ခြင်း၊ သစ်ပင်ပိခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Apr 24,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် က‌‌လေးငယ်များ နွေရာသီအားလပ်ရက်တွင် ပျော်ရွှင်စေရန် စာဖတ်စွမ်းရည်ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က ကျင်းပဆောင်ရွက်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ် သီလကျေးရွာမှ တစ်နိုင်တစ်ပိုင် ဟင်းနုနယ်စိုက်ပျိုးသူများ အဆင်ပြေ
Apr 24,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများသည် မိသားစုစားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်အတွက် မြေအောက်ရေကို အမှီပြု၍ တစ်နိုင်တစ်ပိုင်အဖြစ် ဟင်းနုနယ်စိုက်ပျိုးရေးလုပ်ငန်းကို တွဲဖက်လုပ်ကိုင်ကြရာ အဆင်ပြေလျက်ရှိကြောင်း သီလကျေးရွာ ဒေသခံတောင်သူများထံမှ သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ကွမ်းလုံမြို့နယ် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ
Apr 24,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ ညနေ(၃)နာရီက သံလွင်ဦးခန်းမတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံကြောင်း သိရသည်။
အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Apr 24,2023
ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံ လေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းခန်းမတွင် ကျင်းပခဲ့သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့များ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ
Apr 24,2023
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်(၁၁) နာရီက "ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့၊ ဝဏ္ဏကျော်ထင် စဝ်ခွန်ဆမ် ခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ရပ်မိရပ်ဖများ ဒေသခံပြည်သူများနှင့် တွေ့ဆုံကြောင်း သိရသည်။
လွိုင်လင်မြို့ မွေတော်ကျောင်းတိုက်ဆရာတော်၏ အန္တိမအဂ္ဂိဈာပနသဘင် ကျင်းပရေးညှိနှိုင်းစည်းဝေးကျင်းပ
Apr 24,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့ မွေတော်ကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တကဝိဓဇ သက်တော် (၇၂)၊ ဝါတော် (၅၂)သည် ဧပြီလ ၂၂ ရက်နေ့ က ဘဝနတ်ထံပျံလွန် တော်မူ၍ ကြွင်းကျန်ရစ်သော ရုပ်ကလပ်တော်အား အန္တိမ အဂ္ဂိဈာပန သဘင်ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၀၉:၃၀) နာရီက အဆိုပါကျောင်းတိုက်ဓမ္မာရုံတွင် ကျင်းပသည်။