တောင်တွင်းကြီး ဧပြီ ၂၄
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ယမန်နေ့ည ၆ နာရီ ၃၀ မိနစ် အချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန်ခြင်း၊ သစ်ပင်ပိခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခက်မှုကြောင့် ပွင့်လှကြီးကျေးရွာ ရွာဦးဘုန်းကြီးကျောင်း (၅)ပင်ပတ်လည် (၂)ထပ် အုတ်ကျောင်းဆောင် အမိုးသွပ်(၂၇)ချပ် အမိုးလန်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၁၆၂၀၀၀/- ကျပ်ခန့် ဖြစ်ကြောင်း၊ ဂွေးကုန်းကျေးရွာတွင် (၄)ပင်(၃)ပင် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (၂)ထပ်နေအိမ်မှ (၁၂)ပေသွပ် (၁၃)ချပ်၊ (၁၀)ပေသွပ် (၂၀)ချပ်၊ မျှား(၁၅)ချောင်း အမိုးလန်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၂၅၀၀၀၀/-ကျပ်ခန့်ဖြစ်ကြောင်း၊ ဂွေးတောက်ကုန်းကျေးရွာတွင် (၄)ပင် (၃)ပင် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (၂)ထပ်နေအိမ်ပေါ်သို့ အမြင့်(၅၀)ပေ၊ လုံးပတ်(၅)ပေ၊ သက်တမ်း(၄၀)နှစ်ရှိသော ထန်းပင်လဲကျခဲ့ရာ သွပ်(၁၀)ချပ်၊ ဒိုင်း(၁၀)ချောင်း၊ မြား(၁၀)ချောင်း ပျက်စီးဆုံးရှုံးပြီး ဆုံးရှုံးမှုတန်ဖိုး ၁၀၀၀၀၀/-ခန့် ရှိခဲ့ပြီး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး (၅၁၂၀၀၀/-)ကျပ်ခန့်ဖြစ်ကြောင်းနှင့် လူနှင့် တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)