သတင်းများ

၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေရယူ၍ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု့
Aug 14,2025
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် သမဝါယမဦးစီးဌာနအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေရယူ၍ ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးလုပ်ငန်းများ ယမန်နေ့တွင် ကွင်းဆင်းကြည့်ရှု့ခဲ့သည်။
ဖျာပုံမြို့၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ
Aug 14,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ဖျာပုံခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အခြေခံပညာဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ၂၀၂၅-၂၀၂၆ ခုနှစ်၊ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ဖျာပုံမြို့ အ.ထ.က (၁)ကျောင်း အောင်မြေခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် မိုးကြိုဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း‌ပြီး ဝါခူးဆွတ်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 14,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၅-၂၀၂၆ခုနှစ်၊   မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့်  မြို့နယ်သမ ဝါယမအသင်းစုပိုင်‌ငွေဖြင့် မိုးကြိုဝါစိုက်ပျိုးခြင်းဖြင့် အသေးစား၊  အလတ်စားယက်ကန်းလုပ်ငန်းများတွင် ကုန်ကြမ်းရရှိစေရေးနှင့် အထွက်နှုန်းကောင်းမွန်ပြီး တစ်ဦးချင်းဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ မြိုင်ကုန်းကျေးရွာရှိ မြိုင်ကုန်းလယ်ယာနှင့်အထွေထွေစီးပွားလုပ်ငန်း သမဝါယမအသင်း အသင်းသားတောင်သူများစိုက်ပျိုးထားသော မိုးကြိုဝါစိုက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဝါခူးဆွတ်နေမှုများကို ယမန်နေ့နံနက်ပိုင်းအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ငပုတောမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကံသုံးဆယ်ရွာတွင် စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲကျင်းပ
Aug 14,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အခြေခံပညာအလယ်တန်းကျောင်းခွဲ ကံသုံးဆယ်‌ကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနား ကျင်းပ
Aug 14,2025
နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဥ်များမှာ လူငယ်များ၏အရေးပါသောအခန်းကဏ္ဍကို အသိအမှတ်ပြုသည့်အနေဖြင့် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားကို သြဂုတ်လ (၁၂) ရက်နေ့ နံနက် (၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင်  နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးဆိုင်ရာ သိကောင်းစရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်
Aug 14,2025
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ သိကောင်းစရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ပြုလုပ်ခဲ့သည်။
လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်များငှားရမ်း
Aug 14,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ စာပေလေ့လာဖတ်ရှု သည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများရရှိရေး၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ်စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက လိပ်သိုမြို့ အခြေခံပညာအထက်တန်း ကျောင်းသို့ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စောင်များ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဟားခါးတက္ကသိုလ် မိုးရာသီအားကစားပြိုင်ပွဲကျင်းပ
Aug 14,2025
၂၀၂၄-၂၀၂၅ နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဟားခါးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ မိုးရာသီအားကစားပွဲတော်ကို ယနေ့ဟားခါးတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။