ငရုတ်ကောင်းမြို့နှင့် ကျေးရွာအုပ်စုများတွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများ ပညာသင်ကြား

ငရုတ်ကောင်း ဇွန် ၂

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ဇွန် ၁ ရက်နေ့၊ ကျောင်းဖွင့်ရက် ပထမနေ့တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း ကြသိရသည်။

ထိုသို့ စာသင်ကျောင်းများ ဖွင့်လှစ်လျက်ရှိရာ ငရုတ်ကောင်းမြို့ပေါ် အခြေခံပညာကျောင်းများအပြင် ရပ်ကွက်နှင့်ကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား ကျောင်းသူများက အေးချမ်းစွာ ပညာသင်ကြားလျက်ရှိပြီး သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဆရာဆရာမများက ကျောင်းသားကျောင်းသူများ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွင်း ကျောင်းမအပ်နှံရသေးသူများအနေဖြင့် ကျောင်းလာရောက်အပ်နှံပါက ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက် ပေးလျက်ရှိကြောင်း(အ.ထ.က)ငရုတ်ကောင်းကျောင်းအုပ်ဆရာကြီးဦးဇော်ဦးထံမှ သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)