သတင်းများ

လိပ်သိုမြို့၌ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းအနေဖြင့် ဝက်များမွေးမြူ
Aug 14,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံပြည်သူများမှာ ဥယျာဉ်ခြံလုပ်ငန်း၊ တောင်ယာလုပ်ငန်းအပြင် မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိစေရန် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းအနေဖြင့် ဒေသဝက်များကို မွေးမြူလျက်ရှိနေကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး
Aug 14,2025
ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာ‌စေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် စာဖတ်ရှိန်မြှင့်မားလာစေရန်ရန်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်‌ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကျင်းပခဲ့သည်။
ပုလောမြို့၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်
Aug 14,2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့  အမှတ်(၁)ရပ်ကွက်ရှိ မိခင်နှင့်ကလေးဆေးခန်း၌ မွေးကင်းစမှ အသက်(၂)နှစ်‌အောက်အရွယ် ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းကို‌ ယမန်နေ့နံနက် ၉ နာရီက ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ဘုတ်ပြင်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Aug 14,2025
ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ချမ်းမြသာစည်မြို့နယ် အမှတ် (၃၁) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ
Aug 14,2025
လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန် နှင့်ပြည့်စုံစေရန်၊အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြု‌နိုင်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း‌ဆောင်ရွက်သော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီခွဲက  မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၃၁) အခြေခံပညာအထက်တန်းကျောင်းရှိ အောင်‌မေတ္တာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကွန်ဟိန်းမြို့ (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်
Aug 14,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ (Community Centre)ခန်းမ၌ စာပေဝါသနာရှင်များနှင့်ပူးပေါင်း၍ ကိုကိုလင်း(အမေ့အိမ်)ရေးသားထားသည့် “လူကြီးတွေက စပြင်ပါ လူငယ်ခံစားမှု အတွေးစာစုများ”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်၌ ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 14,2025
‎မန္တလေးတိုင်းဒေသကြီး၊ မဟာ‌အောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်‌သော ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၃၁) အခြေခံပညာအထက်တန်း‌ကျောင်း အောင်မေတ္တာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ကိုယ်ဝန်ဆောင်မိခင်များအား သံဓာတ်အားတိုးဆေး ထောက်ပံ့ခြင်းနှင့် ၅ နှစ်အောက်ကလေးများအား  VITAMAN A အားဆေးတိုက်ကျွေး
Aug 14,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအဖြစ်၊ ကိုယ်ဝန်ဆောင်မိခင်များအား သံဓာတ်အားတိုးဆေး ထောက်ပံ့ခြင်နှင့် ၅ နှစ်အောက်ကလေးများအား VITAMIN A ဆေးတိုက်ကျွေးခြင်းများကို ယနေ့ နံနက် (၉) နာရီက ဈေးကွက်သစ်ရပ်ကွက်ရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။