မြစ်သားမြို့နယ်တွင် မိုးစပါးလက်ဆွဲမျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းသရုပ်ပြ
Aug 14,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် ဒေသခံတောင်သူများ လယ်ယာ သုံစက်ကိရိယာများကို တွင်ကျယ်စွာအသုံးပြုလာစေရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေး၊ လုပ်သားအင်အားရှားပါးမှု ပြဿနာဖြေရှင်းပေးနိုင်ရေး၊ အချိန်တိုအတွင်း စိုက်ဧကများစွာ စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင် အထွက်နှုန်းရရှိစေရန် စိုက်ပျိုးရေးဦးစီးဌာနနှင့်စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော မိုးစပါးလက်ဆွဲမျိုးစေ့ချ ကိရိယာ(DrumSeeder) ဖြင့်စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ဩဂုတ် ၁၃ ရက်က လမ်းခွကျေးရွာ ကွင်းအမှတ် (၄၇၀)၊ ဦးပိုင်အမှတ် (၃၅/၁) ရှိ ဒေသခံတောင်သူ ဦးဟိန်းထက်၏ လယ်မြေနှစ်ဧကတွင် ဆောင်ရွက်သည်။