မြောင်းမြ ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ပညာသင်ကြားရန်အတွက် ယမန်နေ့နံနက်ပိုင်းမှစတင်၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစတင်တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။
ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် မြောင်းမြမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုကိုနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ စာသင်ကျောင်းများသို့ သွားရောက်၍ စာသင်ကျောင်း၊ စာသင်ခန်းများ သန့်ရှင်းသပ်ရပ်မှု ရှိ၊ မရှိ စစ်ဆေး၍ လိုအပ်သည်များကိုမှာကြားကာ ကျောင်းဝန်းအတွင်း၊ အပြင် လုံခြုံမှုရှိစေရေးတို့ကို စီမံဆောင်ရွက်ပေးခဲ့သည်။
မြောင်းမြမြို့နယ်တွင် ယခုပညာသင်နှစ်စ ပထမနေ့တွင် မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးပညာသင်ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းများအပါအဝင် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ကျောင်းတက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)