တောင်ဥက္ကလာပ ဇန်နဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြေပြင် တစ်အိမ်တက်ဆင်းကွင်းဆင်း ကောက်ယူရေးအဖွဲ့ (Working Group) များမှ အိမ်ထောင်စု လူဦးရေစာရင်းမြေပြင်ကွင်းဆင်း ကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း ၁၃ ရပ်ကွက်လုံးအား တစ်ပြိုင်နက် ကောက်ယူခဲ့သည်။
အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရာသို့ တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့များ၊ လဝက ဦးစီးမှူး ဦးညွန့်ဦးနှင့်အဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ လိုက်ပါကြည့်ရှုခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်အနေဖြင့် မြို့နယ်တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း ကောက်ယူရေးအဖွဲ့ (Working Group) များမှ အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်း ကောက်ယူခြင်းကို ကောက်ကွက်တစ်ဖွဲ့လျှင် (၅) ဦးနှုန်းဖြင့် စာရင်းကောက်ကွက် (၁၃၆) ကွက်ဖွဲ့၍ ကောက်ယူသွားမည်ဖြစ်ပြီး ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်နေ့အထိ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)