ဒေးဒရဲ ဇန်နဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အခြေခံပညာဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ဆေးများ ထပ်ဆောင်း ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ ဆေးထိုးအဖွဲ့(၁၁)ဖွဲ့ဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၂၁) ကျောင်းက အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၉၀၈၅)ဦးအား ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပြီးစီးရေး ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာနက သိရသည်။
အေဇာလင်း