မော်လမြိုင်ကျွန်း ဇန်နဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အခြေခံပညာ ဦးစီးဌာနမှ ၂၀၂၂/၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားအား ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ ငုဝါဆောင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ထွေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စန်းတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၂၂/၂၀၂၃ ပညာသင်နှစ်အတွင်း မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ရေးပြိုင်ပွဲ၊ အင်္ဂလိပ ်စွမ်းရည်ပြိုင်ပွဲ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ၊ ကမ္ဘာ့ခရီးသွားနေ့ စာစီစာကုံးပြိုင်ပွဲ၊ မာစုရှိတကိုးနိုးစကေ့ ဘဝဇာတ်ကြောင်း စိတ်ခံစားမှုပြိုင်ပွဲ၊ (၃၀) နှစ်မြောက်ကမ္ဘာ့ကလေးများနေ့ ပန်းချီပြိုင်ပွဲ၊ မစ်ဆူဘီရှီ အာရှကလေးပြိုင်ပွဲ (Grand Prix)၊ စိန်ရတုလွတ်လပ်ရေးနေ့ ခရိုင်အဆင့် စာစီစာကုံး/ဆောင်းပါးပြိုင်ပွဲများတွင် ထူးချွန်ဆုများရရှိခဲ့သော ကျောင်းသားကျောင်းသူ (၄၇) ဦးနှင့် ခရိုင်/မြို့နယ်အဆင့် ကျောင်းသားအားကစားပွဲတော်တွင် အပြေးပြိုင်ပွဲ၊ အလျားခုန်၊ သုံးဆင့်ခုန်၊ အမြင့်ခုန်၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ဘောလုံးအားကစားပြိုင်ပွဲများ၌ ထူးချွန်ဆုရရှိသော ကျောင်းသားကျောင်းသူ (၂၄) ဦးတို့အား အခမ်းအနားသို့ တက်ရောက် လာကြသော မြို့နယ်အဆင့် ဌာနဆိုင်အကြီးအကဲများက ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ တေးသရုပ်ဖော် ဖျော်ဖြေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)