ဆဒုံးမြို့တွင် အိမ်ထောင်စုလူဦးရေတိုက်ဆိုင်စစ်ဆေးရေး စာရင်းကောက်ယူရေး (Working Group) လုပ်ငန်း ဆက်လက် ဆောင်ရွက်

ဆဒုံး ဇန်နဝါရီ ၁၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်​​၊ ဆဒုံးမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ တိကျမှန်ကန်စေရေး တစ်အိမ်တက်ဆင်း အိမ်ထောင်စုလူဦးရေ တိုက်ဆိုင်စစ်ဆေး စာရင်းကောက်ယူရေး (Working Group) လုပ်ငန်းကို ဇန်နဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းမှစတင်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် တစ်အိမ်တက်ဆင်း လိုက်လံစာရင်းကောက်ယူခြင်းကို တစ်ပြိုင်နက်တည်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကောက်ကွက်များအလိုက် စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများ တိကျမှန်ကန်စေရေး တစ်အိမ်တက်ဆင်း အိမ်ထောင်စုလူဦးရေ တိုက်ဆိုင်စစ်ဆေး စာရင်းကောက်ယူရေး (Working Group) လုပ်ငန်းအား မြို့နယ်လူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ကောက်ယူနိုင်ရန်နှင့် စာရင်းအချက်အလက်များ ပြည့်စုံမှန်ကန်စေရန်အတွက် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးဝန်ထမ်းများပါဝင်သော (Working Group) ပူးပေါင်းအဖွဲ့(၄)ဖွဲ့တို့က သတ်မှတ်နယ်မြေအလိုက် စနစ်တကျ တစ်အိမ်တက်ဆင်း ဆက်လက်ကွင်းဆင်း ကောက်ယူလျက်ရှိကြောင်း သိရသည်။

ဆဒုံးမြို့နယ်တွင် (Working Group) လုပ်ငန်းကို ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ လုပ်ငန်းများ အောင်မြင်ရေး၊ မြေပြင်စာရင်း တိကျမှန်ကန်စာရင်းရရှိစေရေးတို့ကို ပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်၊၊

ခင်မာဝင်း (ဆဒုံး)