ဝေးလံခေါင်ဖျားဒေသသတင်းများ

Nov 28,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် ၊ပုံပါကျင်မြို့၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး(Mask Campaign) ကို ပုံပါကျင်မြို့မဈေးရှေ့တွင် ယနေ့နံနက် ၆ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Nov 28,2020
ကချင်ပြည်နယ်၊ ဗန်မော်ခရိုင် ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိ လာသည့် ကုန်တင်ယာဉ်(၃၄)စီးမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၆၁)ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက နိုဝင်ဘာလ ၂၇ ရက် နံနက် ၉ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ၆ ဘီး ကုန်စုံ တင်ယာဉ် (၂)စီးမှ ယာဉ်နောက်လိုက်
Nov 28,2020
နိုဝင်ဘာ ၂၀ ရက်နေ့တွင်ကျရောက်သော ကုလသမဂ္ဂကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူ စာချုပ်လက်မှတ်ရေးထိုးမှု နှစ်ပတ်လည်နေ့ အခမ်းအနား အထိမ်းအမှတ်ကို လူသရမ်ဝေါဖက်ဒရေးရှင်း မြန်မာ (မင်းတပ်)နှင့် စီမံကိန်းဝင်ကျေးရွာသုံးရွာပူးပေါင်းလျက် ထုံးကိန်းကျေးရွာ ကျောင်းခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်းချက်များနှင့်အညီ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပ ပြုလုပ်သည်။
Nov 27,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ အိမ်နီးချင်းအိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူများ မြန်မာ - အိန္ဒိယနယ်စပ် ခင်မန်းဂိတ်မှတစ်ဆင့် ပုံမှန်ဝင်ရောက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ(၁)နာရီ အချိန်က နေရပ်ပြန် ( ၂ )ဦး ကျီခါးမြို့သို့ ထပ်မံဝင်ရောက်လာကြောင်း သိရသည်။
Nov 27,2020
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်သော စီမံချက်ဖြင့် ဧရာဝတီဘဏ်မှ ပူးပေါင်းဆောင်ရွက်သည့် ကန့်သတ်မဲ့ငွေသားပေးအပ်ပွဲကို ယမန်နေ့ နံနက်(၉)နာရီခန့်က လွယ်ဂျယ်မြို့ရှိ တိမ်းရှောင်စခန်း(၂)ခုတွင်ပြုလုပ် ခဲ့သည်။
Nov 27,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေနှင့် နည်းဥပဒေပါ ရည်မှန်းချက်များ ထိရောက်စွာ အကောင်မထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် မြို့နယ်မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Nov 26,2020
ကလေးသူငယ် အခွင့်အရေးနှင့် ကိုဗစ်ကပ်ဘေးအတွင်း မိသားစုများ၏ ဖြတ်သန်းမှု စကားဝိုင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့ နံနက်(၁၀) နာရီအချိန်တွင် ကျင်းပသည်။
Nov 26,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ယနေ့နံနက် (၁၀) နာရီအချိန်တွင် စားသောက်ဆိုင်များ သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချမှု ရှိ/မရှိ ရှောင်တခင် ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။