ကျီခါး နိုဝင်ဘာ ၂၇
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ အိမ်နီးချင်းအိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူများ မြန်မာ-အိန္ဒိယနယ်စပ် ခင်မန်းဂိတ်မှ တစ်ဆင့် ပုံမှန်ဝင်ရောက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ(၁)နာရီ အချိန်က နေရပ်ပြန် (၂)ဦး ကျီခါးမြို့သို့ ထပ်မံဝင်ရောက် လာကြောင်း သိရသည်။
ယမန်နေ့ထပ်မံဝင်ရောက်လာသည့် နေရပ်ပြန်(၂)ဦးမှာ ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ဟိုင်ကျင်းကျေးရွာမှ အသက်(၂၅)နှစ်အရွယ် အမျိုးသမီး (၁)ဦးနှင့်ခွေဗွမ်းကျေးရွာမှ အသက် (၃၇)နှစ်ရွယ် အမျိုးသား (၁)ဦး စုစုပေါင်း(၂)ဦးဖြစ်ပြီး အဆိုပါနေရပ်ပြန်(၂)ဦးအား ကျီခါးမြို့ ကိုဗစ်- ၁၉ရောဂါကာကွယ် ၊ထိန်းချုပ်၊ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီအဖွဲ့မှ ကျီခါးမြို့ Facility Quarantine Center၌ အသွားအလာကန့်သတ်ပြီး ကျန်းမာရေး စောင့်ကြည့်ဆောင်ရွက်ထားလျက်ရှိကြောင်းနှင့် လက်ရှိတွင် အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာပြီး ကျီခါးမြို့၌ Quarantine ဝင်ရောက်သူ စုစုပေါင်း(၁၅)ဦးရှိကြောင်း ကျီခါးမြို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ဆလိုင်းလိန်းမာန် (ပြန်/ဆက်)