လွယ်ဂျယ်မြို့ တိမ်းရှောင်စခန်း(၂)ခုရှိ မိသားစု (၉၁)စုအား ထောက်ပံ့ငွေများပေးအပ်

လွယ်ဂျယ် နိုဝင်ဘာ   ၂၇

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်သော ဧရာဝတီဘဏ်မှ ပူးပေါင်း ဆောင်ရွက်သည့် စီမံချက်ဖြင့် အိမ်ထောင်စုများအား ငွေကြေးထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက်()နာရီခန့်က လွယ်ဂျယ်မြို့ရှိ တိမ်းရှောင်စခန်း ()ခုတွင် ပြုလုပ်ခဲ့သည်။

ကန့်သတ်မဲ့ ငွေသားပေးအပ်ရာတွင် လွယ်ဂျယ်မြို့အတွင်းရှိ “RC” တိမ်းရှောင်စခန်းမှ အိမ်ထောင်စု(၆၇)စုနှင့်ထန်းည တိမ်းရှောင် စခန်းမှ အိမ်ထောင်စု(၂၄)စု၊ စုစုပေါင်း(၉၁)စု တို့ အတွက် တစ်အိမ်ထောင်လျှင် ()သိန်းနှုန်းဖြင့် (၃၆၄)သိန်းအား မြို့အုပ်ချုပ်ရေးမှူး ဦးယာဉ်မင်းထွန်း၊ ကချင်အထူးစီမံချက်ရုံးမှ ဦးခေါင်ဒေါင် (အသက်မွေးဝမ်းကျောင်းဆိုင်ရာအရာရှိ) ဧရာဝတီဘဏ်ခွဲ(မြစ်ကြီးနား)မှ ဦးကျော်သူအောင် နှင့်တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင် (ပြန်/ဆက်)