ဝေးလံခေါင်ဖျားဒေသသတင်းများ

Nov 27,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ အိမ်နီးချင်းအိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူများ မြန်မာ - အိန္ဒိယနယ်စပ် ခင်မန်းဂိတ်မှတစ်ဆင့် ပုံမှန်ဝင်ရောက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ(၁)နာရီ အချိန်က နေရပ်ပြန် ( ၂ )ဦး ကျီခါးမြို့သို့ ထပ်မံဝင်ရောက်လာကြောင်း သိရသည်။
Nov 27,2020
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းဆောင်ရွက်သော စီမံချက်ဖြင့် ဧရာဝတီဘဏ်မှ ပူးပေါင်းဆောင်ရွက်သည့် ကန့်သတ်မဲ့ငွေသားပေးအပ်ပွဲကို ယမန်နေ့ နံနက်(၉)နာရီခန့်က လွယ်ဂျယ်မြို့ရှိ တိမ်းရှောင်စခန်း(၂)ခုတွင်ပြုလုပ် ခဲ့သည်။
Nov 27,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေနှင့် နည်းဥပဒေပါ ရည်မှန်းချက်များ ထိရောက်စွာ အကောင်မထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် မြို့နယ်မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Nov 26,2020
ကလေးသူငယ် အခွင့်အရေးနှင့် ကိုဗစ်ကပ်ဘေးအတွင်း မိသားစုများ၏ ဖြတ်သန်းမှု စကားဝိုင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့ နံနက်(၁၀) နာရီအချိန်တွင် ကျင်းပသည်။
Nov 26,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ယနေ့နံနက် (၁၀) နာရီအချိန်တွင် စားသောက်ဆိုင်များ သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချမှု ရှိ/မရှိ ရှောင်တခင် ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
Nov 26,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်၊ စည်ပင်သာယာရေးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ပထမ(၃)လပတ် ပြည်နယ်ရန်ပုံငွေဖြင့် မြသံလွင်ပန်းခြံ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် အုတ်တံတိုင်းကာရံခြင်း လုပ်ငန်းများကို နိုဝင်ဘာ ၂၃ ရက်နေ့က မိသားစုနှင့် သူငယ်ချင်းများစွမ်းအား ကုမ္ပဏီမှ စတင်ဆောင်ရွက်နေကြောင်း သိရသည်။
Nov 26,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၉ ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန် ပွဲတော်ကို ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပွဲတော်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များဖြင့် အစဉ်အလာမပျက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Nov 26,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာမှာ ယနေ့ နံနက်၉နာရီ အချိန်ခန့်က မြို့မစျေးရှေ့၊ ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များကို အခမဲ့ဝေငှပေးခဲ့သည်။