ပုံပါကျင် နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် ၊ပုံပါကျင်မြို့၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် ပါးစပ်နှင့်နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး(Mask Campaign) ကို ပုံပါကျင်မြို့မဈေးရှေ့တွင် ယနေ့နံနက် ၆ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး လူတိုင်း ပါးစပ်နှင့်နှာခေါင်းစည်းမဖြစ်မနေ စနစ်တကျတပ်ဆင်အသုံးပြုရန်နှင့် ရောဂါကူးစက် ပြန့်ပွား မှု ဖြစ်စဉ်ကို သိသာစွာနေကွေးစေရေး အတွက်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ရောဂါကူးစက်ဖြစ်ပွားမှု နှေးကွေးစေခြင်းဖြင့် ဆေးရုံများ၊ ကျန်းမာရေး ဌာနများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာ ဝန်နှင့်အားမျှတစွာ ဆောင်ရွက်နိုင်မည် ဖြစ်သောကြောင့် ဈေးများ၊ကားဂိတ်များအစရှိသည့် လူအများ သွားလာရာနေရာများတွင် တိုင်းဒေသကြီး /ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ၊လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနှင့်ဆောင်ရွက်ခြင်းဖြစ်ပြီး ပုံပါကျင်မြို့တွင်လည်း ၎င်းအစီအစဉ်ကို ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပုံပါကျင်ကျေးလက် ကျန်းမာရေးဌာနမှ သိရသည်။အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းအစီအစဉ်တွင် ပုံပါကျင်မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာပူးပေါင်း၍ ပုံပါကျင်မြို့မဈေး အတွင်းရှိ ဈေးရောင်း/ဈေးဝယ်များနှင့်မြို့တွင်းသွားလာသူ ပြည်သူများအား Mask အခုရေ ( ၂၀၀)ခန့် အခမဲ့ဖြန့်ဝေခဲ့ကြောင်းသတင်းရရှိသည်။
စန္ဒီ(ပြန်/ဆက်)