ရွှေကူမြို့နယ်၌ RDT(Rapid Antigen Diagnostic Test Kit)ဖြင့် စစ်ဆေးရာမှ ယာဉ်နောက်လိုက်(၂)ဦး ထံတွင် ကိုဗစ်−၁၉ရောဂါပိုး ထပ်မံတွေ့ရှိ

ရွှေကူ နိုဝင်ဘာ  ၂၈

ကချင်ပြည်နယ်၊ ဗန်မော်ခရိုင် ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိ လာသည့် ကုန်တင်ယာဉ်(၃၄)စီးမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၆၁)ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက နိုဝင်ဘာလ ၂၇ ရက် နံနက် နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ     ဘီး ကုန်စုံ တင်ယာဉ် ()စီးမှ ယာဉ်နောက်လိုက် ရွှေကူမြို့ အမှတ်()ဘောဂဗလရပ်ကွက် နေထိုင်သော အမျိုးသား ()ဦးနှင့် ပုသိမ်ကြီး မြို့နယ် ဆင်ရွာကြီးကျေးရွာ နေထိုင်သော ယာဉ်နောက်လိုက် အမျိုးသား()ဦး ထံတွင် ကိုဗစ်၁၉ရောဂါပိုး ထပ်မံစစ်ဆေး တွေ့ရှိ ခဲ့သည်။

အဆိုပါ ကိုဗစ်၁၉ရောဂါပိုးတွေ့ရှိသူ ယာဉ်နောက်လိုက်()ဦးအား ရွှေကူမြို့နယ် ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ထားရှိကာ ဆေးကုသမှုခံယူလျှက်ရှိကြောင်း၊ ၎င်းနှင့်အတူပါလာသည့် ကုန်တင်ယာဉ်မောင်း ()ဦးအား ရွှေကူမြို့  အမှတ်()အခြေခံပညာ အထက်တန်း ကျောင်းရှိ Facility Quarantine Centre တွင် ပို့ဆောင်ထားရှိပြီး အသွားအလာများ ကန့်သတ်ဆောင်ရွက် ထားရှိကြောင်း သိရသည်။

ရွှေကူမြို့ အောက်လေးလမ်းဆုံ ကိုဗစ်၁၉ရောဂါ ကျန်းမာရေးပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကုန်တင် ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက် များအား RDT(Rapid Antigen Diagnostic Test Kit)ဖြင့် စစ်ဆေးရာမှ နိုဝင်ဘာလ(၂၇)ရက်နေ့အထိ ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း(၁၈)ဦး ရှိပြီ ဖြစ်ကြောင်း၊ ()ဦးမှာ ကျန်းမာရေးပုံမှန်အတိုင်း ကောင်းမွန်ခဲ့သဖြင့် ဆေးရုံမှဆင်းခွင့်ပြုပြီး ဖြစ်ကြောင်း မြို့နယ်ကိုဗစ်၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံမှ သိရှိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)