ဝေးလံခေါင်ဖျားဒေသသတင်းများ

Dec 22,2020
ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ဆေးကုသမှုခံယူသည့် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ Case -106613 သည် ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့နံနက် ၁ဝ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
Dec 22,2020
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့တွင် ပြည်တွင်းတစ်ခြားမြို့နယ်ဒေသမှ ပြန်လာသူ (၅)ဦးတို့သည် ဒီဇင်ဘာ ၂၁ ရက်က ရိခေါ်ဒါရ်မြို့သို့ရောက်ရှိလာကြပြီး အထကခွဲကျောင်းရှိ Facility Quarantine Centre ၌ (၁၄)ရက်ကြာ အသွားအလာကန့် သတ်စောင့်ကြည့်ရန်ထားရှိခဲ့ကြောင်း သိရသည်။
Dec 22,2020
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရှိ တိုက်ပွဲရှောင်ပြည်သူများအား စောင်၊အနွေးထည်နှင့် အနွေးဘောင်းဘီများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ထွေ/အုပ် တိုက်ပွဲရှောင်စခန်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Dec 22,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ယမန်နေ့က အခြေခံပညာ အထက်တန်းကျောင်းတွင် Quarantine Centre ထပ်မံပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Dec 22,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့ ပြည်သူ့ဆေးရုံ Isolation Room အတွက် လိုအပ်လျက်ရှိသော ပစ္စည်းများအား ယမန်နေ့က စေတနာရှင်များက လာရောက်လှူဒါန်း ပေးလျက်ရှိကြောင်း သိရသည်။
Dec 22,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေး အတွက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အခြေခံမွေးမြူရေး ပညာပေးသင်တန်းကို ဒီဇင်ဘာ ၂၁ ရက် ညနေ ၅ နာရီခွဲက နမ့်မန်းကျေးရွာ ခန်းမဆောင်၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Dec 22,2020
ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများ၏ အသက်မွေးဝမ်း ကြောင်းဆိုင်ရာလုပ်ငန်းများ တိုးတက်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန် ရည်ရွယ် ဖွင့်လှစ်သော အခြေခံပန်းအလှပြင်သင်တန်းကို
Dec 21,2020
တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ဒီဇင်ဘာလ ၂၀ ရက်နေ့ည ၉ နာရီအချိန်ခန့်က အမှတ်(၂) ရပ်ကွက်တွင် နေအိမ်တစ်လုံး မီးလောက်ကျွမ်းကာ အသက် ၃၅ နှစ်အရွယ်ရှိ အိမ်စောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။