ဝေးလံခေါင်ဖျားဒေသသတင်းများ

Dec 18,2020
ဟားခါးမြို့ပေါ်အတွင်း ထိန်းချုပ်ဓာတုပစ္စည်းများ လမ်းလွှဲရောက်ရှိမှု မရှိစေရေးနှင့် သယ်ယူပို့ဆောင်ရောက်ရှိမှု ရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက ဟားခါးမြို့ပေါ်ရပ်ကွက်များရှိ စျေးဆိုင်များတွင် စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
Dec 18,2020
တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း အများပြည်သူဗဟုသုတရရှိနိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို Online မှတစ်ဆင့် နေ့စဉ် Facebook Page မှ ထုတ်လွှင့်ပြသလျက်ရှိပါသည်။
Dec 18,2020
ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးခြင်းနှင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ဌာနဆိုင်ရာများ၊ ပြင်ပလူမှု အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။
Dec 17,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန Food and Drug Administration (FDA) ဝန်ထမ်းများနှင့် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ကော်မတီဝင်များ ပူးပေါင်း၍ မြို့ပေါ်ရှိ စားသောက် ကုန်စုံဆိုင်များတွင် စားသုံးရန်မသင့်သည့် အစားအသောက်များ၊ ဆေးဝါးများ၊ သက်တမ်း ကုန်ဆုံးသော အစားအသောက်များ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 17,2020
ချင်းပြည်နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်းမှာ ပါဆယ်ဖြင့်သာ ရောင်းချခွင့်ပြုပြီး ဆိုင်ထိုင်ရောင်းချခြင်းကို ခေတ္တယာယီပိတ်ထားခဲ့ရာမှ ယခုအခါ ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည် ရောင်းချခွင့်ပြုနိုင်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ၊မရှိ ယနေ့တွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီနှင့် တာဝန်ရှိသူများက ဆက်လက် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 17,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက် သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါ နေရာများ၌ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Dec 17,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ပထမဆုံး ကိုဗစ် အတည်ပြုလူနာတစ်ဦးနှင့် မြို့နယ် အားကစားရုံ၊ မြို့နယ်ခန်းမ Quarantine Centre တို့တွင် အသွားအလာ ကန့်သတ် ထားသူ (၆)ဦး၊ စုစုပေါင်း (၇)ဦးသည် သတ်မှတ်ကာလ (၁၄)ရက်ပြည့်မြောက်သဖြင့် ယမန်​နေ့က ၎င်းတို့၏ နေအိမ် အသီးသီးသို့ ပြန်လည်စေလွှတ်ခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
Dec 17,2020
တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ငွေကျပ်သန်း(၁၀၀)အထက် လုပ်ငန်းများတင်ဒါ အောင်မြင်သူစာရင်းကို မြို့စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က ကြေညာခဲ့ပါသည်။