ရိခေါ်ဒါရ် ဒီဇင်ဘာ ၂၂
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့တွင် ပြည်တွင်းတစ်ခြားမြို့နယ်ဒေသမှ ပြန်လာသူ (၅)ဦးတို့သည် ယမန်နေ့က ရိခေါ်ဒါရ်မြို့သို့ရောက်ရှိလာကြပြီး အထကခွဲ ကျောင်းရှိ Facility Quarantine Centre ၌ (၁၄)ရက်ကြာ အသွားအလာကန့် သတ်စောင့်ကြည့်ရန်ထားရှိခဲ့ကြောင်း သိရသည်။
အဆိုပါ နေရပ်ပြန်လာသူများသည် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး သုံးဦးတို့ဖြစ်ပြီး ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့၊ အမှတ်(၂)ရပ်ကွက်နှင့် ဖလမ်းမြို့နယ်၊ ကြောင်းဟွေ့ကျေးရွာတို့၌ နေထိုင်သူများဖြစ်ကြပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နှင့် ချင်းပြည်နယ်၊ တီးတိန်မြို့များသို့ သွားရောက်ခဲ့ရာမှ ပြန်လာကြသူများ ဖြစ်ကြောင်း၊ အဆိုပါ နေရပ်ပြန်လာသူ ငါးဦးတို့၏ ကျန်းမာရေးအခြေအနေကို စစ်ဆေးဆောင်ရွက်ခဲ့ရာ လက်ရှိအခြေအနေအထိ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက် ရှိကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့ အထကခွဲကျောင်း Facility Quarantine Centre နေရာတွင် လက်ရှိ အခြေအနေ၌အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိသူ ၆ ဦးရှိကြောင်း သိရသည်။
လာလ်ပက်လောမ် (ပက်ကာ)