ဝေးလံခေါင်ဖျားဒေသသတင်းများ

Dec 17,2020
ရန်ကုန်မြို့မှ တွန်းဇံမြို့သို့ ပြန်လည်ဝင်ရောက်လာပြီး Community Based Facility Quarantine ဝင်ရောက်သူများကို Swab ရယူပြီး Rapid Test ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာတွင် အမျိုးသားတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။
Dec 17,2020
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အတွက် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား လိုက်လံစစ်ဆေး ပညာပေးခြင်းကို ယမန်နေ့ ညနေ(၄)နာရီအချိန်က ကွင်းဆင်းဆောင်ရွက် ခဲ့သည်။
Dec 16,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေကူမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှု အသင်းတို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီခန့်တွင် ရွှေကူမြို့နယ်အတွင်းရှိ Facility Quarantine Centre များ၌ သွားရောက်၍ Myanmar Fitness Dance ဖြင့် ကပြခြင်းများ ပြုလုပ်ခဲ့သည်။
Dec 16,2020
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ကောင်ရာရပ်ကွက် (မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနား) ပြည်ထောင်စု လမ်းမကြီး Km(569.50) ဆိုင်ဝမ်ကထောင် တန်ပိုစစ်ဆေးရေး ကတ္တားဂိတ် (Weight Bridge)ကို ဖြတ်ကျော်ရန်အတွက် ကုန်တင်ယာဉ်များမှ ကုန်ပစ္စည်းများကို တန်ချိန်လျှော့စေရန် ဂိတ်အနီး၌ အခြားယာဉ် တစ်စီးဖြင့် ကဲ့၍ သွားလာနေသည့် မော်တော်ယာဉ်များကို အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ယမန်နေ့ ညနေပိုင်းက မြို့နယ်လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ (မြို့ပြ) ဦးသက်မျိုးနိုင်နှင့် တာဝန်ရှိသူများက သွားရောက် အသိပေး ခဲ့ကြကြောင်း သိရသည်။
Dec 16,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ဘောလခဲမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ အများပြည်သူ သိရှိ လိုက်နာရမည့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ ဝမ်လွဲ့ ကျေးရွာ၊ လွယ်ဝိုင်းကျေးရွာတို့တွင် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
Dec 16,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အင်ဆိုင်း ယန်ကျေးရွာ ကုန်ထုတ်လမ်း ဆောင်ရွက်မည့်မြေနေရာနှင့် စိမ့်စမ်းရေသွယ်လုပ်ငန်း ဆောင်ရွက်မည့် နေရာတို့အား ယမန်နေ့ မွန်းလွှဲ ၂ နာရီတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။
Dec 16,2020
ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ၊ ခရီးသည် များအား Swab နမူနာ စစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များကို မြို့ဝင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် Swab နမူနာ စစ်ဆေးပြီး ခရီးသွားပြည်သူများအား မြို့ဝင်ဂိတ်တွင် စစ်ဆေးခြင်းမပြုဘဲ သီးသန့်မော်တော်ယာဉ်ဖြင့် ဟားခါးမြို့ Facility Quarantine များတွင်ထားရှိပြီး Swab နမူနာစစ်ဆေးခြင်းကို ဆောင်ရွက် လျက်ရှိရာ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် Facility Quarantine ဝင်ရောက်နေသည့် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့တွင် ကိုဗစ်-၁၉ ​ရောဂါပိုး ထပ်မံတွေ့ရှိသဖြင့် ဟားခါးမြို့ တိုင်းရင်းဆေးရုံတွင် ပို့ဆောင်ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။
Dec 16,2020
ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်မေရီမီနန်နှင့် အဖွဲ့သည် ယမန်နေ့ နံနက် ၁၀ နာရီက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၆၀)ဖြင့် မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဆောက်လုပ်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး ပြည်နယ် ရွေးကောက်ပွဲ အရာရှိ ဦးထွန်းအောင်ခိုင်က မြို့နယ်ရုံးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ မဲရုံသုံးပစ္စည်းထိန်းသိမ်းထားရှိမှု အခြေအနေများနှင့် ရုံးဆောက်လုပ်မည့် မြေနေရာအား စစ်ဆေးတိုင်းတာမှုများ ပြုလုပ်ခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။