တီးတိန် ဒီဇင်ဘာ ၂၂
ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ဆေးကုသမှုခံယူသည့် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ Case -106613 သည် ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့နံနက် ၁ဝ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါပိုးတွေ့လူနာသည် တီးတိန်မြို့၊ လွယ်ဘွာလ်းရပ်ကွက်နေ အသက် (၂၇)နှစ်အရွယ် အမျိုးသား ဖြစ်သည်။
တီးတိန်ပြည်သူ့ဆေးရုံ၌ ယခုလတ် တလောအချိန်တွင် ပိုးတွေ့အတည်ပြုလူနာ အမျိုးသား(၃)ဦးနှင့် အမျိုးသမီး (၄)ဦး ဆေးကုသမှုခံယူဆဲဖြစ်ကြောင်း တီးတိန်မြို့ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)