တွန်းဇံ ဒီဇင်ဘာ ၂၁
တွန်းဇံမြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် လူနာများဆေးကုသမှု ခံယူလျက်ရှိသည့် Isolation Room တွင် အသုံးပြုရန်အတွက် အလှူငွေနှင့် ပစ္စည်းများကို စေတနာရှင်ပြည်သူများက လာရောက် လှူဒါန်းပေးလျက်ရှိသည်။
တွန်းဇံမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် လူနာများဆေးကုသမှုခံယူလျက်ရှိသည့် လူနာများ အသုံးပြုရန်အတွက် တွန်းဇံမြို့နေ ဦးထောင်းဂိုးအိုင်း(မေရီစတိုး)မိသားစုက အနွေးစောင်(၅)ထည်၊ ခေါင်းအုံး(၅)လုံးနှင့် ရေသန့်ဘူး(၁) ကတ်ကို လည်းကောင်း၊ တွန်းဇံမြို့နေ ဦးဂင့်ဆွန်းမုန် (မြို့နယ်ပညာရေးမှူး-ငြိမ်း)မိသားစုက အနွေးစောင်(၅)ထည်ကိုလည်းကောင်း၊ ကလေးမြို့နေ ဦးဒိုးကျင့်ထန် (Rhema Foundation Company) မိသားစုက အလှူငွေကျပ်တစ်သိန်းတို့ကို အသီးသီး လာရောက်လှူဒါန်းလျက်ရှိသည်။ တွန်းဇံမြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် လူနာ(၅)ဦးဆေး ကုသမှုခံယူ လျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာထန်ရှန်းခိုင်ထံမှ သိရသည်။
ဝေဖြိုး(ဇလပ်မြေ)