ဝေးလံခေါင်ဖျားဒေသသတင်းများ

Aug 12,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ ဩဂုတ်လဒုတိယပတ်တွင် အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ်
Aug 12,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲ၌ ဘောလခဲမြို့နယ်အတွင်း ကေျးရွာများရှိ မဲဆန္ဒရှင်များ၏ စာရင်းများ ပြည့်စုံမှန်ကန်ရေး၊ မဲဆန္ဒရှင် ပြည်သူများ သတ်မှတ်ရက်အတွင်း အချိန်မီ မဲပေးနိုင်ရေး၊ အားနည်းချက်များ မဖြစ်ပေါ်စေရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်းစစ်ဆေးခြင်းကို သြဂုတ်(၈)ရက်မှ (၁၁)ရက်‌နေ့အထိ နံနက်ပိုင်းမှ စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ကျေးရွာအရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Aug 12,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းအတွက် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးသုံး ပစ္စည်းများဖြစ်သည့် ဘေစင် (၅) လုံး၊ Hand Gel ၂၅ ဘူး၊ လက်ဆေးဆပ်ပြာခဲ ၃၀၀ ခဲတို့အား မြို့နယ် အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက လှူဒါန်းခဲ့ကြောင်း သိရသည်။
Aug 12,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် တည်ဆောက်လျက်ရှိသည့် သမဝါယမ ဦးစီးဌာနရုံး တည်ဆောက်ခြင်း လုပ်ငန်း (၉၀) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
Aug 12,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် မိုင်းခွန်ကျေးရွာအုပ်စု၊ ရွာသစ်ကုန်း မြစိမ်းရောင် စီမံကိန်း (၃)နှစ်ပြည့် အတိုး ရငွေမှ အ.မ.က(KG) မူကြိုကျောင်းဆောင် ဆောက်လုပ်နေမှု ယမန်နေ့ နံနက်(၁၁)နာရီတွင် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
Aug 12,2020
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးရိုင် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်များ စိစစ်ရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ခန္တီးမြို့ အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 12,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြည်သူ့စာကြည့်တိုက်တွင် စာပေဖတ်ရှုလေ့လာနေသော စာဖတ်ပရိသတ်များ အသိပညာနှင့် စာပေ ဗဟုသုတများ ပိုမိုတိုးပွားလာစေရန်အတွက် ပူတာအိုမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့က စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်(၁၀) နာရီခွဲ က ခရိုင်ပြည်သူ့စာကြည့်တိုက်၌ လှူဒါန်းခဲ့ကြောင်း သိရသည်။
Aug 12,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင် (သားသတ်လိုင်စင်)အား ချိတ်ပိတ်တင်ဒါစနစ်ဖြင့် လိုင်လင်းပီမြို့ စည်ပင်သာယာရေးအဖွဲ့ရုံး၌ သြဂုတ်လ (၂၀)ရက်‌နေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။