လိုင်လင်းပီမြို့၌ သြဂုတ်လ(၂၀)ရက်နေ့တွင် သားသတ်လိုင်စင်အား ချိတ်ပိတ်တင်ဒါစနစ်ဖြင့် ကျင်းပမည်

လိုင်လင်းပီ သြဂုတ် ၁၂

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင် (သားသတ်လိုင်စင်)အား ချိတ်ပိတ်တင်ဒါစနစ်ဖြင့် လိုင်လင်းပီမြို့ စည်ပင်သာယာရေးအဖွဲ့ရုံး၌ သြဂုတ်လ (၂၀)ရက်‌နေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင် (သားသတ်လိုင်စင်)အား သတ်မှတ်ပြီး ကြမ်းခင်းစျေး ၁၂၀၀၀၀/- (ကျပ်တစ်သိန်းနှစ်သောင်း တိတိ)ဖြင့် ရောင်းချမည်ဖြစ်ကြောင်း၊ လျှောက်လွှာများကို (၁၉)ရက်နေ့ ည‌နေ(၄:၀၀)နာရီ နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ပြီး လျှောက်လွှာ များကို မြို့စည်ပင်သာယာရေးအဖွဲ့ရုံးတွင် အခမဲ့လာရောက် ထုတ်ယူနိုင်ကြောင်း သိရသည်။

အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင် (သားသတ်လိုင်စင်)နှင့် ပတ်သက်သည့် ကြေညာချက်များကို မြို့အုပ်ချုပ်ရေးရုံး၊ ရပ်ကွက် အုပ်ချုပ်ရေး ရုံးများ၊ လက်ဖက်ရည်ဆိုင်များနှင့် လမ်းဆုံနေရာများတွင် ကပ်ထားပြီးဖြစ်၍ ၎င်းနေများတွင် ကြည့်ရှုနိုင်ကြောင်းနှင့် လိုင်စင်နှင့် ပတ်သက်၍ သိရှိလိုသည်များကိုလည်း မြို့စည်ပင်သာယာရေး အဖွဲ့ရုံးတွင် လာရောက်ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။

ကိုလိန်း(ပြန်/ဆက်)