တနိုင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်း အတိုးရငွေမှ(၅၀%)ဖြင့် အ.မ.က(KG) မူကြိုကျောင်းဆောင် ဆောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး

တနိုင်း ဩဂုတ်  ၁၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် မိုင်းခွန်ကျေးရွာအုပ်စု၊ ရွာသစ်ကုန်း မြစိမ်းရောင် စီမံကိန်း (၃)နှစ်ပြည့် အတိုးရငွေမှ အ.မ.က(KG) မူကြိုကျောင်းဆောင် ဆောက်လုပ်နေမှု ယမန်နေ့ နံနက်(၁၁)နာရီတွင်  ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရ သည်။

တနိုင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မိုင်းခွန်ကျေးရွာအုပ်စု၊ ရွာသစ်ကုန်း မြစိမ်းရောင် စီမံကိန်း (၃)နှစ်ပြည့် အတိုးရငွေမှ(၅၀%) ငွေကျပ်(၁၂၀) သိန်းဖြင့် ကျေးရွာ အ.မ.က(KG) မူကြိုကျောင်းဆောင် (၃၀ပေx၂၆ပေx၁၂ပေ) ဆောက်လုပ်နေမှုကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မျိုးနှင့် အငယ်တန်း အင်ဂျင်နီယာ(၂)တို့က သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ဝါဝါ(ပြန်/ဆက်)