Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ကျီခါးမြို့၌ အထွေထွေရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများအား ပြည်သူများသိရှိနိုင်ရေး မြေစိုက် နံရံကပ်ပြဘုတ် တွင် ပြသဆောင်ရွက်ပေး
Aug 12,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နှင့်ပတ်သက်၍ ပြည်သူများ အလွယ်တကူဖတ်ရှုပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး စာစောင်နှင့် ပိုစတာများကို ရုံးရှေ့မြေစိုက်နံရံကပ် ပြဘုတ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြသဆောင်ရွက်ပေး လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဖားကန့် ဝှေခါမှော် မြေပြိုခဲ့ရာကျင်းအတွင်း ရေမဆေးကျောက် ဝင်ရောက်တူးဖော်သူများအား လိုက်လံ တားဆီး
Aug 12,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါမှော်ရွာ၌ ဇူလိုင် ၂ ရက်နေ့က မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး လူပေါင်း ရာနှင့်ချီ သေဆုံးခဲ့ရသည့် ကျင်း အတွင်း အရဲစွန့်ခိုးဝင်ကာ ရေမဆေးကျောက် ဝင်ရောက်တူးဖော်သူများ ရှိနေသည့်အတွက် တားဆီးမှုများ ဆောင်ရွက်နေရကြောင်း ဝှေခါ ကျေးရွာ အုပ်ချုပ်ရေးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေဇွာမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ ချင်းပြည်နယ် လူငယ်ရေးရာ ကော်မတီမှ ဦးဆောင်ပြီး လူငယ်စကားဝိုင်း အခမ်းအနားကျင်းပ
Aug 12,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ ချင်းပြည်နယ် လူငယ်ရေးရာ ကော်မတီမှ ဦးဆောင်ပြီး လူငယ်စကားဝိုင်း ပြုလုပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လဟယ်မြို့ မြို့နယ်စည်ပင် ယာယီအခွန်မဲ့ဈေးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စစ်ဆေးဆောင်ရွက်
Aug 12,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ယနေ့နံနက်တွင် မြို့နယ် စည်ပင် ယာယီအခွန်မဲ့ဈေးအတွင်း အရေးပေါ် ဝင်ရောက် စစ်ဆေးမှု ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့နယ်တွင် အသက် ၆ လ မှ ၅ နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေး
Aug 12,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ ဩဂုတ်လဒုတိယပတ်တွင် အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ်
အပြည့်အစုံ ဖတ်ရန်
ဘောလခဲမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ကျေးရွာများအရောက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစစ်ဆေး
Aug 12,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲ၌ ဘောလခဲမြို့နယ်အတွင်း ကေျးရွာများရှိ မဲဆန္ဒရှင်များ၏ စာရင်းများ ပြည့်စုံမှန်ကန်ရေး၊ မဲဆန္ဒရှင် ပြည်သူများ သတ်မှတ်ရက်အတွင်း အချိန်မီ မဲပေးနိုင်ရေး၊ အားနည်းချက်များ မဖြစ်ပေါ်စေရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်းစစ်ဆေးခြင်းကို သြဂုတ်(၈)ရက်မှ (၁၁)ရက်နေ့အထိ နံနက်ပိုင်းမှ စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ကျေးရွာအရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဆွမ်ပရာဘွမ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်း
Aug 12,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းအတွက် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးသုံး ပစ္စည်းများဖြစ်သည့် ဘေစင် (၅) လုံး၊ Hand Gel ၂၅ ဘူး၊ လက်ဆေးဆပ်ပြာခဲ ၃၀၀ ခဲတို့အား မြို့နယ် အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်ရှိ သမဝါယမဦးစီးဌာနရုံး ဆောက်လုပ်နေမှု (၉၀)ရာခိုင်နှုန်း ပြီးစီး
Aug 12,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် တည်ဆောက်လျက်ရှိသည့် သမဝါယမ ဦးစီးဌာနရုံး တည်ဆောက်ခြင်း လုပ်ငန်း (၉၀) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
247
Page
248
Page
249
Page
250
Current page
251
Page
252
Page
253
Page
254
Page
255
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department