ပူတာအိုခရိုင် ပြည်သူ့စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း

ပူတာအို ဩဂုတ် ၁၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြည်သူ့စာကြည့်တိုက်တွင် စာပေဖတ်ရှုလေ့လာနေသော စာဖတ်ပရိသတ်များ အသိပညာနှင့် စာပေဗဟုသုတများ ပိုမိုတိုးပွားလာစေရန်အတွက် ပူတာအိုမြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က စာအုပ်စာစောင်များ ယမန်နေ့ နံနက်(၁၀) နာရီခွဲက ခရိုင်ပြည်သူ့စာကြည့်တိုက်၌ လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါလှူဒါန်းပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဖြူဖြူ၀င်းနှင့် အဖွဲ့၀င်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့၀င်များက သုတရသ စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်သူဇာက လက်ခံရယူသည်။

ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့၀င်များက ခရိုင်ပြည်သူ့ စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသော ပြတိုက်ငယ်အား ကြည့်ရှုလေ့လာကြရာ ခရိုင်ဦးစီးအရာရှိက လိုက်လံရှင်းလင်း ပြသသည်။ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့အနေဖြင့် ခရိုင်ပြည်သူ့စာကြည့်တိုက် စာဖတ်ပရိသတ်များ အသိပညာ ဗဟုသုတ ပိုမိုတိုးပွားလာစေရန်အတွက် စာအုပ်စာစောင်များကို နှစ်စဉ်လာရောက် လှူဒါန်းပေးလျက် ရှိကြောင်း ခရိုင်ပြည်သူ့ စာကြည့်တိုက် တာဝန်ခံထံမှ သိရသည်။

ဖုန်ကန်(ပြန်/ဆက်)